‼️‼️ဤအပိုင်းသည် စာရေးသူ၏ plot အရ fan fiction သက်သက်သာ ဖြစ်ပါသည်။ ပြင်ပ idol တွေ နဲ့ သက်ဆိုင်ခြင်းလုံးဝမရှိပါ။ ပြင်ပ Idol image ကိုလည်း ထိခိုက်စေလိုခြင်း (လုံးဝ) လုံးဝ မရှိပါ ‼️‼️
"မွေးနေ့ပွဲ သွားမှာ .... အဲလောက်ကြီးပြင်စရာမလိုပါဘူးနော် ... ကြင်ယာတော်ရှီးးး "
"ဘယ်မှာပြင်နေလို့လဲ ထယ်ရယ်ဒီအတိုင်းပဲဝတ်ထားတာကို ......"
သူဝတ်ထားတာသူ ငုံ့ကြည့်ရင်းပြောလာသည့်ဘဲပေါက်။ အပြာနုရောင် ရှပ်လက်ရှည်လက်စည်းနဲ့ လည်ပင်းမှာ ကန့်လန့်စင်းပါသည့် ကြိုးကိုဖဲပြားပုံသဏ္ဍာန် ချည်ထားပြီး ညာဘက်မှာ စိန်စီရင်ထိုးတစ်ခုကို ထိုးထားသည်။ ဆံပင်ကို ခပ်အုပ်အုပ်လေးရှေ့ချထားပြီး ရှပ်လက်ရှည်ကခပ်ပွပွနဲ့ အောက်က ဘောင်းဘီအဖြူရောင်ဝတ်ထားတာဖြစ်သည်။
ရစ်ခီကတော့ ရှပ်အဖြူကိုမှ ရင်ဘက်မှာ ထယ်ရယ့်လို ရင်ထိုးထိုးထားပြီး ပုဝါအဖြူအား နက်ကတိုင်လိုစည်းထားကာ အောက်က ထယ်ရယ့်လို စတိုင်လ်ပန် အဖြူနဲ့ ရှပ်ကိုpantထဲထည့်ဝတ်ထားတာပင်။ ဆံပင်ကပါ အဖြူရောင်နဲ့မို့ တစ်ကိုယ်လုံးအဖြူနဲ့ တော်ဝင်မင်းသားအရှိန်အဝါအပြည့်ပင်။ အရင်က အနက်တွေချည်းအမြင်များတာမို့ အဖြူနဲ့ကျတော့လည်း ကြည့်လို့မဝပင်။"အဟမ်း ကိုယ်ချောတာသိပေမဲ့ မင်းခင်ပွန်းက မင်းအပိုင်ပါနော် နောက်မှအဝထိုင်ကြည့် နောက်ကျနေရင် မွေးနေ့ရှင်စိတ်လက်တဆစ်က ပွမ်လိမ့်မယ်...."
ထယ်ရယ့်နားနားကိုင်းကာ ပြောလာတဲ့အိမ်ရှေ့စံကြောင့် ထယ်ရယ် မျက်စောင်းတစ်ချက်ထိုးလိုက်ရင်း ....
" အားအားယားယား အိမ်ရှေ့စံပဲထိုင်မကြည့်နိုင်ပါဘူးနော် ..."
ပြောပြီးထွက်သွားတဲ့ ထယ်ရယ့်ကြောင့် ရစ်ခီ ရယ်ရင်းနောက်ကလိုက်ရတော့သည်။ ထယ်ရယ်ကားရှေ့ခန်းထဲဝင်ထိုင်ပြီး ရစ်ခီက ကားမောင်းသူနေရာဝင်ထိုင်ဖို့ပြင်နေတုန်းမှာပင်....
"ရှန် ..... "
ခေါ်သံကြောင့် ကြည့်လိုက်တော့ ချယ်အွန်း။ ထယ်ရယ် ကားမှန်ချလိုက်သည်။ သူတို့ဘာပြောလဲသိရအောင်လို့ပင်။ အနီရောင် dress နဲ့ အီချယ်အွန်းဟာ လူတကာငေးလောက်အောင်လှနေတာမို့ ထယ်ရယ် အိမ်ရှေ့စံအား သဝန်တောင်တိုချင်သွားပါသည်။
YOU ARE READING
Density Of Love [ COMPLETED ]
Fanficသံယောဇဉ်ရဲ့အဆုံးမှာ အချစ်ရဲ့သိပ်သည်းမှု ဘယ်လောက်များမလဲ ?