"ဝေါ့ ...... "
ရစ်ခီ မနက်ကစားသမျှ အကုန်ထိုးအန်ပစ်လိုက်တာတောင် ရင်ထဲရှင်းလို့မသွားသေးပေ။
"ရှန် ... ရလားဟင် .. ထယ်ရယ် ဘာလုပ်ပေးရမလဲ .."
ဘေးကနေ ရစ်ခီ့နဖူးထက်က ချွေးတို့အား အသာသုတ်ပေးရင်း မေးလာသည့်ဘဲပေါက်လေး။ သုံးလထဲရောက်နေပေမဲ့ တီရှပ်ခပ်ပွပွဝတ်ထားတာမို့ အနည်းငယ်စူနေသည့် ဗိုက်လေးက အကျ်ီကြောင့်မသိသာသေး။ အောက်ကတော့ ဒူးလောက်ဘောင်းဘီတိုလေးနဲ့ဖြစ်သည်။ ကိုယ်ဝန်ဆောင်သည်လေးမလို့ အားရှိရင်ပြီးရော စားချင်တာစားဟု ပြောထားသဖြင့် နှစ်ယောက်စာအသားကုန်ကြိတ်နေသည့် ဘဲပေါက်လေးမှာ အခုဆို ဖောင်းကစ်ကစ်လေးဖြစ်ချင်နေပြီဖြစ်သည်။
အခုလည််း ဘေးကနေ စိုးရိမ်တကြီးမေးလာသည့် မျက်ဝန်းလေးတွေက အရည်ကြည်တို့ ရွှန်းလဲ့လို့။"ရပါတယ် .... ကိုယ် အစားမှားသွားလို့ထင်တယ် ..ရင်ပြည့်ပြီးအန်နေတာ ... "
"ဟျောင်းကို ခေါ်လိုက်ရမလားဟင် ..... "
ထယ်ရယ်က ရှန့်ကို တွဲလို့ ခုတင်ပေါ် ထိုင်စေရင်း မေးလိုက်သည်။
"ရတယ် ခနနေသက်သာသွားလိမ့်မယ် ... ကလေးလေးရော ဒီနေ့ဘယ်လိုနေလဲ ..နေလို့အဆင်ပြေရဲ့လား ..."
"အွန်းးး ပြေပါတယ် ခြေလက်တွေတော့ နည်းနည်းတင်းနေတာ ... "
" ကိုယ့်ကလေးလေး ပင်ပန်းနေတော့မှာပဲ ထမင်းရော စားပြီးပြီလား ... "
"အာညီး စားမလို့ အခန်းထဲယူခိုင်းထားတယ် .. ကြက်ပေါင်းပါ အိမ်ရှေ့စံဖို့လုပ်ခိုင်းထားတယ် ... "
ထယ်ရယ်ပြောနေတုန်း တံခါးခေါက်သံနဲ့အတူ ဗန်းတို့အား မကာ အခန်းထဲဝင်လာသည့် အထိန်းတော်ဂိုနဲ့ မင် ။
" အရှင်နဲ့ ကြင်ယာတော်လေးဖို့ ကြက်ပေါင်းနဲ့ ထမင်း- "
" မင်! အနံ့ကြီးက ပြင်းလိုက်တာ ပြန်ယူသွား ဝေါ့ !! "
"ရှန် !!....... "
မင်တို့ ယူလာရုံရှိသေး အနံ့ပြင်းတယ်ဟုဆိုကာ ရေချိုးခန်းထဲ ပြေးအန်နေပြန်တဲ့ ရှန့်ကြောင့် ထယ်ရယ် အလန့်တကြား လိုက်ရပြန်သည်။
YOU ARE READING
Density Of Love [ COMPLETED ]
Fanfictionသံယောဇဉ်ရဲ့အဆုံးမှာ အချစ်ရဲ့သိပ်သည်းမှု ဘယ်လောက်များမလဲ ?