ဒဏ်ရာကိုသေချာအာရုံစူးစိုက်ကာ ဆေးထည့်ပေးနေတဲ့ ရှေ့ကဘဲပေါက်ကို ရစ်ခီသေချာစိုက်ကြည့်မိသည်။ အပေါ်စီးကမြင်နေရသည့် မျက်တောင်ရှည်တို့က စင်းလို့နေသည်။ ဒဏ်ရာအား ဆေးထည့်ခြင်းအပေါ်အာရုံစိုက်ထားကာ အစပ်ပြေစေဖို့လေနဲ့အသာအယာမှုတ်ပေးနေသဖြင့် နှုတ်ခမ်းကအနည်းငယ်စူထွက်လို့နေသည် ။ ထိုနေ့က ရစ်ခီပထမဆုံးအနမ်းအဖြစ်မတော်တဆခြွေချမိသည့် ပါးပြင်နုနုလေးက ပန်းရောင်သန်းလို့ နေသည်။ထယ်ရယ်ကဒဏ်ရာကို ဆေးထည့်တာ လက်စသတ်နေပြီမလို့ ရစ်ခီ အကြည့်တို့အားလွှဲလိုက်မိသည်။
" ပြီးပြီ ....အရမ်းနာနေလားဟင် . ဟာအိုဟျောင်းကို မခေါ်လို့ရောဖြစ်လား "
ဘေးမှာဝင်ထိုင်ရင်းမေးလာတဲ့ထယ်ရယ်ကြောင့် ရစ်ခီခေါင်းညိမ့်ပြလိုက်သည်။ ဆေးထည့်မှာမို့ ချွတ်ထားသည့်ရှပ်အက်ျီကို ရစ်ခီပြန်ဝတ်တော့ ထယ်ရယ်က ကြယ်စေ့တို့အား ကူတပ်ပေးလာသည်။
"ရပါတယ် သိပ်မနာတော့ပါဘူး... "
ရစ်ခီပြောပြီးနောက် သူတို့နှစ်ယောက်ကြား ပြောစရာစကားမရှိတော့သလို အခန်းတွင်းကခနတာ တိတ်သွားသည်။
"ဟိုဟာ ......""ဟိုဟာ ....."
ခနနေမှ နှစ်ယောက်သားဆီက အသံ ပြိုင်တူထွက်လာသည်။ ထယ်ရယ်က ပြုံးလိုက်ရင်းနဲ့ပဲ ....
"အိမ်ရှေ့စံ အရင်ပြောပါ..... "
"ကိုယ် မင်းကို ကြင်ယာတော်တွေတတ်မြောက်ရမဲ့စည်းကမ်းတွေ ဆက်မသင်ပေးတော့ဖို့ မိဖုရားကို ပြောပြီးပြီ .... "
"ဟင် ..... "
ထယ်ရယ် အံ့သြသွားရင်း အတွေးတစ်ခုကဝင်လာသည့်အခါ မျက်နှာအားအောက်ငုံ့ချလိုက်ကာ .....
"ထယ်ရယ်က အိမ်ရှေ့စံအတွက်အသုံးမလိုတော့လို့လား ...."
"ဘယ်လို ...... "
"ထယ်ရယ်က ကြင်ယာတော်တစ်ယောက်ဖြစ်ဖို့ မပြည့်စုံသေးဘူးဆိုတာသိပါတယ် အဲဒါကြောင့်ကြိုးစားပြီး သင်ယူနေတယ်လေ... အဲလိုတောင်မဖြစ်ဘူးလားဟင် ....အိမ်ရှေ့စံရော ထယ်ရယ်ကပျော့ညံ့သူလို့ထင်နေတာလား ...သာမန်လူတစ်ယောက်ဖြစ်နေလို့ ဒါတွေမသင်ယူနိုင်ဘူးလို့ထင်နေတာလား ...."
YOU ARE READING
Density Of Love [ COMPLETED ]
Fanfictionသံယောဇဉ်ရဲ့အဆုံးမှာ အချစ်ရဲ့သိပ်သည်းမှု ဘယ်လောက်များမလဲ ?