ထယ်ရယ်တစ်ယောက် ဖုန်းကိုင်ရင်း အခန်းထဲ ဟိုလျှောက်ဒီလျှောက်လုပ်နေမိသည်။ ရစ်ခီရှန့်ကို စာပို့ထားတာ မနေ့ကတည်းကကိုခုထိ seen မပြ။ reply ကတော့ သူစိတ်မပါရင် မပြန်တတ်တာသိပေမဲ့ ထယ်ရယ်ပို့သမျှ seen တော့အမြဲပြတတ်သည်။ အခုဟာက မနေ့ကတည်းပို့ထားတာတောင် ခုထိseen မပြသေးတာဖြစ်သည်။ နောက်ပြီး ညတိုင်း အိမ်ရှေ့ရောက်ရောက်လာတတ်တာလည်း လိုက်ကာနောက်ကနေခိုးကြည့်နေကျမို့ ထယ်ရယ်သိသည်။အိမ်ရှေ့ရောက်လာပြီးမှ အိမ်ထဲဝင်လာတော့ သူကရိုက်ထုတ်မှာကျနေတာပဲ .... သို့သော်မနေ့ကတော့ ...ညဘက်ပါရောက်မလာခဲ့ပေ.... .။
'အလုပ်များအရမ်းရှုပ်နေလို့လား ... မဟုတ်သေးပါဘူး တစ်ခုခုဖြစ်နေလို့များလား .....အာ..... တော်ပြီတော်ပြီ ငါက ငါကိုယ်တိုင်လုပ်ထားတဲ့မုန့်လေးကြွားမလို့ဟာ seen မပြလည်းနေဟာ....'
ထယ်ရယ် တစ်ယောက်တည်းပြောရင်း ဖုန်းအားမွေ့ယာထက်ပစ်ချကာ သူပါလှဲအိပ်လိုက်သည်။ မဟုတ်သေးပါဘူး သူ့ကိုပြန်လာဖို့လည်းမပြောဘူး ...စာလည်းseenမပြဘူး ၊ တကယ်ကြီး အဲနေ့ကမိဖုရားပြောသလို ထယ်ရယ်က သူလမ်းခွဲလိုက်ရတဲ့ချစ်သူလောက်အသုံးမကျလို့ သူ့အတွက်အသုံးမလိုတော့လို့ စွန့်ပစ်လိုက်တာများလား။ အတွေးလွန်တတ်တဲ့ ထယ်ရယ့်အတွက် အတွေးအချို့ကဝင်လာသည့်အခါ ရင်ထဲနေလို့မကောင်းတော့။ အဲဒီ့နေ့ မိဖုရားသူ့ကို လာတွေ့တဲ့နေ့က ....
< flash back >
ထယ်ရယ် ဒီနေ့တော့ အထိန်းတော်ဂိုက ပန်းချီဆွဲနည်း အခြေခံတွေကအစ သင်ပေးနေတာမို့ အရင်နေ့တွေကလောက်မပင်ပန်းပေ။ သို့သော် တီကောင်တောင်ဖြောင့်အောင်မဆွဲနိုင်သည့် ထယ်ရယ့်အတွက် ပန်းချီသင်ရတာ အိပ်ဆေးကို အခမဲ့ဖော်စပ်ပေးနေသလိုပင်။ ထယ်ရယ်က အနုပညာမှာ အဆိုအတီးသာဝါသနာပါတာ ပန်းချီတို့ ၊အရောင်အတွဲအစပ်တို့မှာတော့ လုံးဝသုညပင်။ အခုလည်းအခြေခံတို့အားဆွဲကြည့်ရင်း ငိုက်မျဉ်းလာသည့်မျက်လုံးတို့အား မနည်းဒေါက်ထောက်ထားရသည်။
"ဖတ်! "
"အ့! အထိန်းတော်ဂို "
ရုတ်တရက်ငိုက်သွားချိန် လက်ဖမိုးအားခပ်စပ်စပ်လာချသည့်ပေတံလေးကြောင့် ထယ်ရယ်အော်လိုက်မိသည်။
YOU ARE READING
Density Of Love [ COMPLETED ]
Fanfictionသံယောဇဉ်ရဲ့အဆုံးမှာ အချစ်ရဲ့သိပ်သည်းမှု ဘယ်လောက်များမလဲ ?