‼️ပြင်ပ idol တွေ နဲ့ သက်ဆိုင်ခြင်းလုံးဝမရှိပါ။ ပြင်ပ Idol image ကိုလည်း ထိခိုက်စေလိုခြင်း (လုံးဝ) လုံးဝ မရှိပါ ။ Fiction ကို fiction လိုသာဖတ်ပါရန် ‼️
တံခါးဖွင့်လိုက်ချိန် မြင်လိုက်ရတဲ့ မြင်ကွင်းက
ရစ်ခီ့ရဲ့ရင်ကို စုတ်ပြတ်သတ်ဖို့လုံလောက်သွားစေခဲ့သည်။ လူယုတ်မာရဲ့အောက်က အားကိုးတကြီး ရစ်ခီ့ကိုလှမ်းကြည့်နေတဲ့ မျက်ရည်တွေနဲ့ ထယ်ရယ့်ရဲ့ မျက်ဝန်းတို့ဟာ ရစ်ခီ့ရင်ကို ဓားနဲ့အစိမ်းလိုက်ခွဲနေသလိုပင်။ ထယ်ရယ့်ရဲ့ပုံစံကြောင့် မီးထဲ လောင်စာဆီလောင်းချလိုက်သလို ဒေါသတို့ကအစိုးမရ။ထယ်ရယ့်အပေါ်ကအကောင်အား စောင့်ကန်ပစ်လိုက်ရင်း ကိုယ်ပေါ်ကနေခွကာ လက်သီးနဲ့ဆင့်ကာဆင့်ကာ အဆက်မပြတ်ထိုးနေမိသည်။ ဘယ်လောက်ကြာအောင်ဆွဲထိုးနေမိသည်မသိ ...မက်သရူးတို့က ....."ရစ်ခီ .... ရစ်ခီ ... တော်တော့ ထယ်ရယ်ဆီသွားလိုက်အုံး..သေကုန်လိမ့်မယ် .."
"ခွေးကောင် ..အသေသတ်ပစ်မှာ .... အသေသတ်ပစ်မှာ ..."
စိတ်လွတ်နေတဲ့လူတစ်ယောက်လိုမျိုး ဖြစ်နေတာမို့ မက်သရူးက ...
"ထယ်ရယ့်ကို ကြည့်အုံးလို့ ရစ်ခီရှန်! .... "
မက်သရူးအော်ပစ်လိုက်မှ အသိဝင်လာသလို ငြိမ်ကျသွားရင်း ထယ်ရယ့်ဆီအပြေးသွားသည်။ လူယုတ်မာကောင်ကတော့
ရစ်ခီ့လက်ချက်ကြောင့် လူရုပ်တောင်မပေါ်တော့ပေ။ ....ရစ်ခီ ထယ်ရယ့်ကိုပြေးပွေ့ ကာ .. လက်ကကြိုးတွေကိုအရင်ဖြည်ရသည်။အတင်းအကြပ်တုပ်နှောင်ထားသည့်ကြိုးတို့ကြောင့် လက်ရောခြေထောက်မှာ ရုန်းကန်ထားရသည့်အခါ ပွန်းပြဲနေပြီးသွေးတို့ပါဆို့လို့....။ ရစ်ခီမကြည့်ရက်စွာ အံကိုကြိတ်လို့ထားမိသည်။"အိမ် ရှေ့ စံ .... .. ထယ်ရယ် ဘာမှ မဖြစ် ခဲ့ဘူး ...သိ လား .. ထယ်ရယ် ရုန်း ရုန်းနိုင်သလောက် ရုန်းခဲ့ တယ် ..."
"အွန်း ... ကိုယ်သိတယ် .. .ကိုယ်သိတယ်နော်... "
"ထယ်ရယ် ကြောက် နေ ခဲ့တာ .... အိမ်ရှေ့ စံ အမြန် လာဖို့ ဆု တောင်း နေ ခဲ့တာ ... "
YOU ARE READING
Density Of Love [ COMPLETED ]
Fanfictionသံယောဇဉ်ရဲ့အဆုံးမှာ အချစ်ရဲ့သိပ်သည်းမှု ဘယ်လောက်များမလဲ ?