ရှုပ်ယှက်ခက်နေတဲ့ ကစားကွင်းကလူတွေကိုကြည့်ပြီး ရစ်ခီကစိတ်ရှုပ်နေသလောက် ထယ်ရယ်တို့ကတော့ တစ်ခုမဟုတ်တစ်ခု ဝယ်စားရင်း ဆော့ရင်း ပျော်လို့နေသည်။
"အိမ်ရှေ့စံ ..အိမ်ရှေ့စံ မြန်မြန်လာ...ဒါစီးရအောင် "
ရစ်ခီ့ လက်မောင်းကနေအတင်းဆွဲကာ ခေါ်သွားသည့်နေရာကတော့ rollercoaster ။ အမြင့်ကိုကြည့်ပြီး ရစ်ခီသက်ပြင်းတစ်ချက်ချလိုက်ရင်း ....
"ဒါစီးမလို့လား ..... "
"အွန်း အွန်း .... အရင်ကတည်းကစီးချင်နေတာ သွားမယ်နော် ..."
"ဟို ....."
ရစ်ခီ့စကားတောင်မဆုံးလိုက် ရှေ့ကထွက်သွားနှင့်ပြီဖြစ်တဲ့ ဘဲပေါက်ကြောင့် သူ နောက်ကလိုက်ရတော့သည်။ ထိုပေါ်ရောက်သည်ဆိုတာနဲ့ ရစ်ခီ့တစ်ကိုယ်လုံး ချွေးစေးတွေထွက်လာပြီး အေးစက်လာရသည်။ တကယ်ဆို ရစ်ခီ အမြင့်ကြောက်သည်။ ထယ်ရယ်ကတော့ ပျော်ရွှင်စွာ အော်ဟစ်နေရင်းမှ ဘေးကငြိမ်နေလို့ကြည့်တော့မှ ချွေးစေးတွေနဲ့အတူ ဖြူလျော့နေသည့် အိမ်ရှေ့စံ ....။
"အိမ်ရှေ့စံ!! ဘာဖြစ်တာလဲ ... ဘာဖြစ်လို့လဲ ... "
"ဟို ...ကိုယ် အမြင့်ကြောက်တတ်တယ် ...."
မျက်နှာအပျက်ပျက်နဲ့ပြောလာတဲ့သူကြောင့် ထယ်ရယ် စိတ်မကောင်းဖြစ်သွားရရင်း ....
"ဟင် ! .... အစကတည်းကပြောပါလား ...ဘာလို့လိုက်စီးရတာလဲ အခုဘယ်လိုလုပ်မလဲ ဒုက္ခပါပဲ .....ရရဲ့လား ..."
"မင်းတစ်ယောက်တည်းမလွှတ်လိုက်နိုင်လို့ ......နောက်ပြီး မင်းနဲ့အတူပထမဆုံးအတူတူလုပ်ဖူးမဲ့အရာမလို့လေ .... "
မျက်နှာမကောင်းနေတဲ့ကြားကပြောလာတဲ့ အိမ်ရှေ့စံစကားကြောင့် အိမ်ရှေ့စံနဖူးထက်မှ ချွေးစေးတို့အား အက်ျီလက်ဖျားလေးနဲ့ အသာအယာသုတ်ပေးနေသည့် ထယ်ရယ် ကအံ့သြသလိုလေးကြည့်သည်။ ထို့နောက် ပြုံးလိုက်ရင်း ....မိမိလက်ချောင်းတို့အား အိမ်ရှေ့စံရဲ့လက်ချောင်းတို့နဲ့ယှဉ်တွဲကာ ဆုပ်ကိုင်ထားလိုက်သည်။
"ထယ်ရယ်က ဒီလိုကိုင်ထားပေးမယ် ... စိတ်လျော့ထားပြီး ပေါ့သွားအောင်ဖြစ်ဖြစ် အော်ပစ်လိုက်လို့ရတယ် ... OK "
YOU ARE READING
Density Of Love [ COMPLETED ]
Fanfictionသံယောဇဉ်ရဲ့အဆုံးမှာ အချစ်ရဲ့သိပ်သည်းမှု ဘယ်လောက်များမလဲ ?