Chapter 19

3.3K 123 4
                                    

[Unicode]

"မောင့်ကိုချစ်လို့ မောင်လို့ခေါ်မယ်‌ မောင်"
[Chapter - 19]

"အား ကျွတ် ကျွတ်"

တစ်ညလုံးဒရင်းဘက်ပေါ်မှာမသက်မသာအိပ်ခဲ့ရလို့ နိုးလာတာနှင့်ငြီးတွားနေရသည်။ ဇက်ကြောနာတာကတစ်မျိုး ခါးအောင့်တာကတစ်ဖက်နှင့်အီစိမ့်နေပါလား။

မျက်လုံးနှစ်လုံးဖွင့်ပြီဆိုတာနှင့်ဘုံ့ကုတင်ဘက်အကြည့်လှမ်းပို့မိသည်။ အောက်ထပ်ဆင်းသွားပြီထင်ပါရဲ့။ အင်းလေ..သူနိုးတဲ့အချိန်ကလည်းစောမှမစောတော့တာ။

Ring Ring Ring

ဖုန်းမြည်သံကြောင့်ဒရင်းဘက်အောက်ပြုတ်ကျ‌နေသည့်ဖုန်း၏အသံလာရာကို လက်နဲ့စမ်းပြီးကောက်သည်။

"Hello"

နံပါတ်မကြည့်ပဲဟယ်လိုလုပ်လိုက်တာတစ်ဖက်က နိုးနိုးဖြစ်နေမှချိန်းထားတာကိုသတိရ၏။

"အင်း..ဆောရီးကွာ..ညကအိပ်ရေးပျက်ထားလို့.. breakfast စားပြီးမှထွက်ခဲ့မယ်"

ဒရင်းဘက်နှင့်‌ေစာင်ကိုခေါက်ခဲ့ပြီး ရေချိုးခန်းထဲဝင်ဖို့လုပ်ပြီးမှသူ့အဝတ်အစားတွေဘုံ့အခန်းမှာမရှိတာကိုသတိရသည်။

"ကျစ်..ရေချိုးပြီးမှရှာတော့မယ်"

နောက်ဆိုဒီအခန်းထဲအဝတ်တွေနဲနဲယူထည့်ထားမှပါ။

ရေချိုးပြီးစကိုယ်တစ်ပိုင်းကိုတဘတ်ပတ်ကာဟိုဘက်အခန်းကိုကူးရသည်။ စာတန်းပါသညိ့ပိုလိုရှပ်အဖြူရောင်လေးနှင့်အနက်‌ေရာင်ဂျင်းပွဒူးကျကိုပဲရွေးဝတ်လိုက်ကာ အင်္ကျီနှင့်လိုက်မည့်  G shock နာရီအနက်ရောင်ကလေးညဘက်လက်မှာပတ်လိုက်သည်။ ခပ်စိုက်စိုက်ဖြစ်နေသည့်ရှေ့ဆံပင်တွေကို အချောင်းလိုက်ကလေးတွေဖြစ်အောင်စပရေးမှုတ်လိုက်ကာ ကိုယ့်ပုံကိုမှန်ထဲကြည့်ပြီးအားရင်‌ေတာ့ကော်ဖီရောင်လေးပြောင်းဆိုးဦးမှပါလို့တွေးမိ၏။

တစ်လက်စတည်းသူ့အဝတ်တချို့ဘုံ့အခန်းထဲကဗီရိုထဲဆီသယ်ထည့်ဖို့လုပ်ရသည်။ ဘုံ့မှာအသုံးအဆောင် accessories နည်းမှန်းတစ်ခြမ်းလောက်လွတ်နေသည့်ဗီရိုကြီးမြင်မှသတိထားမိ၏။ မိန်းကလေးဖြစ်ပြီး ပြင်ဖို့ဆင်ဖို့လည်းဝါဿနာထုံပုံမရပါ။ ဒါကြောင့်လည်း အသက်နှစ်ဆယ့်ငါးအထိရည်းစားမထားဖြစ်တာပေါ့။ ငါနဲ့မှမယူရင် ဒေါ်ရွှေဘုံစံတစ်ယောက်ဒီတစ်သက်ယောက်ျားရပါ့မလား။

"မောင့်ကိုချစ်လို့ မောင်လို့ခေါ်မယ် မောင်"(Ongoing)Where stories live. Discover now