Chapter 38

3.4K 159 23
                                    

[Unicode]

"မောင့်ကိုချစ်လို့ မောင်လို့ခေါ်မယ် မောင်"
(Chapter - 38)

"သမားဂုဏ်..လွှတ်..ငါ့လက်ကိုအခုလွှတ်"

ဂုဏ်ဆွဲခေါ်ရာပါလာသည့် ဘုံကသူမလက်ကောက်ဝတ်တွေနီရဲတက်လာသည်အထိအကျောက်အကန်ရုန်းသည်။ ဂုဏ်ကလွတ်ထွက်သွားမှာစိုးသည့်အလား တင်းတင်းဆုပ်ကိုင်ထားသည်။

"ဘာသမားဂုဏ်လဲ..မောင့်ကိုဘယ်လိုတွေခေါ်နေတာလဲ"

ခေါ်နေကျနာမ်စားမဟုတ်သည့် ခပ်စိမ်းစိမ်းခေါ်သံ‌ကြောင့် ဂုဏ့်နားထဲမှာမငြင်သာသလို သူ့အမေးဝါကျကလည်းမငြင်သာ။

"ဘာမောင်လဲ..လူလိမ်..လူညာ"

"ဘုံစိတ်ထင်နဲ့မပြောနဲ့"

ဂုဏ်ကဘုံ့လက်ကို ကားနားရောက်မှလွှတ်မပေး‌ေသးပဲ‌ေဖြ‌ေလျာ့လိုက်ပြီး...

"ဘုံ..ဒေါသထွက်နေတာမို့လား..မရုန်းပဲနဲ့ အသာတကြည်လိုက်ခဲ့..မောင်တို့အိမ်ရောက်မှ..."

*ဖြန်း*

မျက်နှာတစ်ဖက်လည်ထွက်သွားရခြင်းမှာ ဘယ်ဘက်ပါးရိုးတစ်ခုလုံးဖျင်းခနဲ။

မာမီတောင်လက်နဲ့မရွယ်ဖူးသည့် ပါးတစ်ဖက်အား ထိုမိန်းမသားကတော့...

"ဘုံ!"

နာမလည်နိုင်ခြင်း။
အံ့ဩမယုံနိုင်ခြင်းတို့ဖြင့် ကြည့်လာသည့်မျက်ဝန်းတစ်စုံ။
လက်ငါးချောင်းရာတို့ထင်းနေသည့် ပါးတစ်ဖက်။
သူ့မျက်နှာပေါ်က ဖြစ်ပျက်ပြောင်းလဲခြင်းအပေါင်းအား လျစ်လျူရှူလိုက်ကာ...

"ငါကနင့်လိုဖောက်ပြန်တတ်တဲ့ကောင်ကိုဘာယုံကြည်ပြီး ပြန်လိုက်ရမှာလဲ"

"ဟုတ်တယ်..ဖောက်ပြန်တတ်တယ်လို့ပဲထား..‌ပြန်မလိုက်လို့တော့မရဘူး..မောင်ဘုံ့ကိုပြောပြရမှာတွေရှိတယ်"

အသာနာထားတော့ လေသံကမဆိုစလောက်မာသွားပေမယ့် ဘုံအထင်လွဲသွားမှာလည်းမလိုလား။

"ဘာမှပြောပြစရာမလိုတော့ဘူး..သူများလာပြောရင်တောင် ငါနင့်ကိုမျက်စိမှိတ်ယုံမိဦးမှာ..ငါ့လက်ကိုအရင်လွှတ်ပေးလိုက်"

ဘုံ့မျက်လုံးနဲ့တပ်အပ်မြင်ပြီးမှတော့ သူပြောသမျှထပ်နားထောင်ပေးရအောင်ဘုံကအရူးလား။

"မောင့်ကိုချစ်လို့ မောင်လို့ခေါ်မယ် မောင်"(Ongoing)Où les histoires vivent. Découvrez maintenant