Chapter 5

3.5K 100 4
                                    

[Unicode]

"မောင့်ကိုချစ်လို့ မောင်လို့ခေါ်မယ် မောင်"
[Chapter - 5]

"ဘုံတို့အဆင်ပြေပါတယ်မာမီ"

"............."

တစ်ဖက်ကဒေါ်ယဉ်မေဦးကသားရောလို့မေးလာတော့...

"ဂုဏ်က..သူ..ရေချိုးခန်းထဲမှာမို့လို့ပါ"

မနက်ကတည်းကထွက်သွားတယ် ပြန်မရောက်သေးဘူးလို့များပြောလိုက်ရင် တစ်ဖက်ကကုသိုလ်ရေးရှေးရှူသွားကြသည့်လူကြီးနှစ်ယောက်စိတ်တိုရရလိမ့်ဦးမည်။ ဂုဏ့်အတွက်ပထမဆုံးအကြိမ်လိမ်ပေးလိုက်ရခြင်းကနေ ဒုတိယမိတွေတတိယမိတွေထပ်လိမ်ရဦးမှာလားလို့ စိတ်ထဲသက်ပျင်းခိုးချမိ၏။

"အိမ်ကိုစိတ်ချပါမာမီ ဘုံ့အတွက်ပါဘုရားတွေပိုဖူးခဲ့နော်"

"............"

"‌အဟွန်း..ဘုံကကိစ္စမရှိပါဘူး..ဟန်းနီးမွန်းခရီးထက် ဘုရားဖူးခရီးကပိုအကျိုးရှိပါတယ် ဘုံကုသိုလ်ရတာပေါ့"

".........."

"ဟုတ်...ဒယ်ဒီ့ကိုလည်းစိတ်ချဖို့ပြောလိုက်ပါနော်"

ဖုန်းပြောပြီးလို့ ရေးလက်စဝတ္ထုအတွက် laptop လေးဖွင့်လိုက်ကာ စားပွဲရှေ့ဝင်ထိုင်လိုက်၏။

ဘုံတို့ကို ဟန်နီးမွန်းမထွက်ခိုင်းရပဲ ဘုံ့ယောက္ခတွေ နီပေါဘက်ကိုတစ်လဘုရားဖူးထွက်သွားကြသည်။တိုက်ဆိုင်စွာဖြစ်လာသည့်ခရီးစဉ်ကြောင့် ဘုံတို့ဟန်းနီးမွန်းကအကန့်သတ်မရှိရက်ရွှေ့လိုက်ခြင်းသို့ရောက်ကာ ထိုကိစ္စနှင့်ပတ်သတ်၍ နှစ်ယောက်လုံးကမကျေမနပ်မရှိသည့်အပြင် မလိုအပ်တာလို့ပဲမှတ်ထားကြတာမို့ လူကြီးတွေစိတ်ဖြောင့်စွာခရီးထွက်နိုင်ဖို့ ပါရမီဖြည့်ရ‌ာရောက်သွား၏။

"ဒီနေ့န‌ဲ့ဆို တစ်ပတ်ပြည့်ပြီ"

ဒီအိမ်ကြီးထဲမှာဘုံအထီးကျန်နေခဲ့တာလည်း တစ်ပတ်ပြည့်ပါပြီ။ ဒေါ်ယဉ်မေဦးက မန္တလေးမြို့ကနံမည်ကြီးကျိကျိတက်ပြည့်စုံချမ်းသာသည့်ဖိုးဖိုး၏ချွေးမ၊ အရည်အချင်းပြည့်ဝသည့်ဦးမျိုးမြင့်ဂုဏ်၏ဇနီး စည်းစိမ်ဥစ္စာတွေလိုလေသေးမရှိပြည့်စုံပေမယ့် တစ်အိမ်လုံးမှာ သူမခြေသူမလက်စီမံကာ တချို့သောလူချမ်းသာအိမ်တွေလို အိမ်တော်ထိန်းဆိုတာမရှိပေ။ နူးနူးလို့ခေါ်သည့် ချင်းတိုင်းရင်းသူကလေးမလေးတစ်ယောက်တော့ရှိသည်။ ထိုကလေးကလည်း စကားနဲပြီးအနေအေးကာ စကားအသယ်အယူမလုပ်တတ်သည့်ဝန်ထမ်းကောင်းမို့လို့ ထိုတစ်ယောက်သာထားသည့်ပံုမျိုးဖြစ်သည်။ ဘုံကလည်း ကိုယ့်အခန်းထဲပဲအောင်းကာ စာရေးနေတတ်သူမို့ သူမလေးနှင့်သေချာမရင်းနှီးသေးပါ။ ဂုဏ်နှင့်ဘုံဆုံချိန်က မနက်စာစားချိန်တစ်ခုပဲဖြစ်ပြီး ဂုဏ်ကတစ်နေကုန်အပြင်လည်တတ်သည်။ ပြန်ရောက်သည့်အချိန်တွေက မမှန်တတ်ပါ။ ဒါပေမယ့် ညဆယ်နာရီကျော်တဲ့အထိမနေတာတော့ဘုံသတိထားမိ၏။ အရင်တုန်းကရော ဒီလိုအကျင့်စရိုက်နှင့်ပဲလား၊ အိမ်ထောင်ရှင်ယောက်ျားဖြစ်သွားတာတောင်ပြုပြင်ဖို့စိတ်မရှိဘူးလားလို့ တွေးမိသေးသည်။

"မောင့်ကိုချစ်လို့ မောင်လို့ခေါ်မယ် မောင်"(Ongoing)Tempat cerita menjadi hidup. Temukan sekarang