Chapter 7

3.2K 93 9
                                    

[Unicode]

"မောင့်ကိုချစ်လို့ မောင်လို့ခေါ်မယ် မောင်"
[Chapter - 7]

"ငွေအပြည့်ချေမယ် ဂုဏ်"

"ဒါဆို ကျွန်တော်စာချုပ်ပြင်လိုက်တော့မယ်ကိုထက်"

ဝယ်ရောင်းစာချုပ်မှာပိုင်ရှင်ရောဝယ်လက်ပါသဘောတူကြည်ဖြူစွာလက်မှတ်ထိုးပြီးကြပြီမို့ ပွဲလေးဖြစ်မြောက်သွား၏။

ဂုဏ်တို့သုံးယောက်လုံး လက်ချောင်းရိုက်လိုက်ကာ ဖိုးညီကအောင်ပွဲခံကြဖို့စကားစသည်။

"Mr.guitar မှာဝိုင်းကြမလား"

"သွားမယ်"

"ဂုဏ်ကရော"

နူးနူးကဆေးရုံရောက်နေ၍ အိမ်မှာဘံုတစ်ယောက်တည်း‌ဆိုတာကိုတွေးမိသွားသည့်ဂုဏ်ကအင်တင်တင်။

"ဘုံစောင့်နေလိမ့်မယ်"

"အချိန်စောပါသေးတယ်ကွာ..မင်းကိုငါတို့ကိုယ်တိုင်ပြန်ပို့မယ်..လိုက်ခဲ့စမ်းပါ"

"အေးလေ..ခါတိုင်းလည်းလည်နေကျကို ဘာလဲမိန်းမကြောက်နေပြီလား"

ဂုဏ့်ပုခုံးကိုလာသိုင်းဖက်ပြီးပြောလိုက်သည့်ဖိုးညီလက်ကို လက်ပြန်နှင့်ဖယ်ချလိုက်ပြီး...

"ဘာကိစ္စကြောက်ရမှာလဲ သမားဂုဏ်သမိုင်းရိုင်းသွားမှာပေါ့..သွားမယ်"

‌ပြောပြီးရှေ့ဆုံးကထွက်ကာ သူ့ပြိုင်ကားလေးကိုစက်နှိုးလိုက်သည်။

"Mr.guitar မဟုတ်ပဲ club သွားမလား"

နေ့ခင်းကြောင်တောင်ကြီးကိုသွားရမယ့်လမ်းကြောင်းက club ဖြစ်သွားပြန်သည်။ ဒါပေမယ့်လည်း ညီသစ်ထူးနဲ့လပြည့်ကမငြင်းပေ။

"cool"

"go ကွာသားကြီး"

သူငယ်ချင်းနှစ်ယောက်ဆီကအဖြေရတာနှင့် ဂုဏ့်ပြိုင်ကားအနီရောင်လေးသည်မြင်းဇောင်းမှလွှတ်လိုက်သည့်မြင်းတစ်ကောင်နှယ် ဒုန်းစိုင်းနှင်တော့သည်။

Club ကိုရောက်တော့ day club မို့လူတော့သိပ်မများပေ။ night out ထွက်ဖို့အိမ်မပိုင်‌သည့်ချာတိတ်လေးတွေသာရှိ၏။

အနီရောင်ဂျက်ကပ်ရဲရဲနှင့်မီးရောင်အောက်မှာဝင်းနေသည့်ဂုဏ့်မျက်နှာကို အနမ်းခြွေအဝေးကတည်းကလှမ်းမြင်ပါသည်။ ဘယ်‌လိုတောင်တိုက်ဆိုင်တာလဲဂုဏ်ရယ်။

"မောင့်ကိုချစ်လို့ မောင်လို့ခေါ်မယ် မောင်"(Ongoing)Donde viven las historias. Descúbrelo ahora