[ Unicode]
"မောင့်ကိုချစ်လို့ မောင်လို့ခေါ်မယ် မောင်"
( Chapter - 55 )"ချောချောလှလှဇနီးလေးနဲ့ဘေဘီဟန်းနီမွန်းဆိုတော့ ဘယ်မောနိုင်ပါ့မလဲ"
"ဟိတ်ကောင်တိုးတိုးပြော..ဘုံကြားမယ်"
လေသာဆောင်မှာထိုင်ကာ စာအုပ်ဖတ်နေသည့်ဘုံ့ဆီလည်းလှည့်ကြည့်ရသေးသည်။ ကြားသွားရင် ပိုရှောင်နေမှခက်လိမ့်မည်။
"အံမာ..ဘေဘီဟန်းနီးမွန်းချင်တာကို လိမ်ညာလှည့်ဖျားပြီးခေါ်သွားတော့နောက်ကျောမလုံဘူးပေါ့လေ"
"မန်းလေပြဲလေ ပြောလေဆိုးလေပါလားမင်းတို့"
"စချင်လို့ပါကွာ..အဟွန်းဟွန်းဟွန်း"
ရယ်ပြန်ပြီလုပ်သံကြီးနှင့်။ v call ထဲမှာပေါ်နေတဲ့ ဖိုးညီမျက်နှာကြီး အနားရှိလျင်လက်သီးနှင့်ခပ်ပျိတ်ကျိတ်ဖိပစ်သည်။
" Project pearl ရောစပြီလား"
"စနေပြီ..တနေ့တနေ့အဲ့ဘက်သွားဖို့လမ်းအမျိုးမျိုးရှာရပါတယ်ကွာ..တစ်ယောက်တည်းထားခဲ့ရင်လည်း စိတ်ကသိပ်မချဘူး..အဖြူကောင်တွေက လာကပ်နေမှာကြောက်ရသေးတယ်..ငါ့မမကကမ်းခြေစတိုင်လ်ဂါဝန်လေးတွေဝတ်ရင်ရေလည်မိနေတော့ခက်တာကွာ"
"အံမာ"
"အံမာ"
အံမာသံတွေကို မျက်နှာကြီးတွေမဲ့ရွဲ့ပြီးပြိုင်တူလုပ်နေကြလျက်
"တော်တော်ဖြစ်နေတာ"
ဟုလည်းဝေဖန်ကြသေးသည်။
"ငါမေးမိလိုက်တာ မင်းရဲ့စပရိုက်ပရဲစန့်လေးအတွက်ပဲ"
"အေးလေ..ငါတို့ရှေ့မှာမမဘုံကိုကြူးပြနေတာကတသီတသန်း"
"ဒါကတော့ မင်းပြောသလို မိန်းမချောချောလှလှလေးရထားလို့ ကြူးနိုင်တာပေါ့ကွာ အဟွန်း"
ဂုဏ်လည်းဖိုးညီလေသံနှင့်တုကာ ဂုဏ်ဆာပြလိုက်သည်။ ဒါမျိုးကျတော့လည်း မရှူစိမ့်နိုင်ကြပဲ...
"ငါမပြောလိုက်ချင်ဘူး..မယူခင်တုန်းကအီးမှန်ထားတဲ့မျက်နှာနဲ့ရုပ်ရှင်တွေရိုက်တာ ခုကျ ဘာတဲ့"
BẠN ĐANG ĐỌC
"မောင့်ကိုချစ်လို့ မောင်လို့ခေါ်မယ် မောင်"(Ongoing)
Lãng mạnGenre: Romance,Comedy, Arranged merriage Chapters: 40+ Start date: 16.7.23 End date: ? [Unicode + Zawgyi] ရည်းစားများတဲ့ဂျစ်ကန်ကန်ကောင်လေး "သမားဂုဏ်" ကို စာရေးဆရာမလေး အပျိုကြီးမမ "ရွှေဘုံစံ" နဲ့ မိဘတွေကအိမ်ထောင်ချပေးလိုက်တဲ့အခါ အသက်အရွယ်ကွာဟမှုတွေ...