Chapter 13

2.8K 88 2
                                    

[Unicode]

"မောင့်ကိုချစ်လို့ မောင်လို့ခေါ်မယ် မောင်"
[Chapter - 13]

"ဘုံနေဦးလေ"

"ဘာလဲ"

လသာဆောင်မှာပဲကျန်ခဲ့မယ်ထင်တာ အခန်းထဲဝင်တော့မယ်လုပ်မှ လိုက်ဖြစ်အောင်လိုက်လာပြီးလူကိုခေါ်တာ အမောသကော။

"ခင်ဗျားကလည်းတဆိတ်ရှိစိတ်ဆိုးမယ်ဆိုတာချည်းပဲ"

"စိတ်ဆိုးတာမဟုတ်ဘူး"

ဂုဏ်မျက်ခုံးတန်းတွေစုကြုံ့သွားရင်းမေးတော့ ဘုံကလည်း‌ပြန်စူးစိုက်ကြည့်၏။

"အာ့တာဆိုဘာဖြစ်တာလဲ"

ရွယ်တူတန်းတူလိုဆက်ဆံတာကိုမကြိုက်တာ။

"ငါနဲ့နင်အသက်အရွယ်အားဖြင့်ကြည့်ရင် ငါကပိုကြီးတာနင်သိမှာပါ..အဲ့တော့ငါ့ကိုရွယ်တူတွေလိုပြောဆိုနေတာငါနေရခက်တယ် အဲ့ဒါပဲ"

ခေါ်လိုက်ပြီဆိုဘုံ။ ပြောလိုက်ပြီဆိုခင်ဗျား။
စစနောက်နောက်လုပ်တာကရှိသေးသည်။ သူနှင့်ကိုယ်စနောက်ရအောင်အထိမရင်းနှီးသေးတော့ သူ့သူငယ်ချင်းတွေရှေ့အထိပါစလာရင် မတားပဲနေမိသည့်ဘုံကသာအကြီးဖြစ်ပြီးအရိုအသေတန်လိမ့်မည်။

"ရွယ်တူလိုမပြောမိပါဘူး..ခင်ဗျားထင်လို့ပါ..ဒါပေမယ့် မောင်နဲ့နှမပက်သတ်မှုမျိုးမဟုတ်တဲ့အတွက် ရိုသေသမှုကြီးနဲ့ခေါ်‌ေန‌ေပြာ‌ေနမှာ‌ေတာ့မဟုတ်ဘူးဘုံ"

"ငါလည်းနင့်ကိုတရိုတသေဆက်ဆံဖို့ပြောနေတာမဟုတ်ပါဘူး..ရွတ်နောက်နောက်ပြောတာတွေ..."

"ရွတ်နောက်နောက်ဆိုတာတစ်ခါမှမရှိဘူး"

ဘုံစိတ်တိုဒေါသထွက်တာမြင်ရင်စိတ်ကပျော်သည်။ သူတစ်ခွန်းကိုယ်တစ်ခွန်းအနိုင်လုပြောရင် ထိုအခိုက်အတန့်မှာပဲဘုံနှင့်သူစကားများများပြောဖြစ်ကြသည်။ ထို့ကြောင့် သူမစိတ်တိုစိတ်ဆိုးသွားအောင်စမိတာတွေပဲရှိခဲ့သည်။ ထောင်တန်သည့်စကားရာပေါ့သွားအောင် ရွတ်နောက်နောက်ဆိုတာမပြောခဲ့ပါ။

"မရှိဘူးဆိုတော့လည်းထားလိုက်တာပေါ့..ငါကတော့မကြိုက်တာကိုကြိုပြောပြီးသွားပြီ"

"မောင့်ကိုချစ်လို့ မောင်လို့ခေါ်မယ် မောင်"(Ongoing)Onde histórias criam vida. Descubra agora