Chapter 2

4.6K 109 3
                                    

[Unicode]

"မောင့်ကိုချစ်လို့ မောင်လို့ခေါ်မယ် မောင်"
[Chapter - 2]

"မမှားပါဘူး လိပ်စာထဲကအတိုင်းဆို ဒီခြံဒီတိုက်ပါပဲ"

အုတ်တံတိုင်းနံရံမှာထွင်းရေးထားသည့် ခြံနံပါတ်ကနောက်ဆုံးတစ်လုံးပျက်နေတာမို့ ကားဟွန်းတီးဖို့တွန့်ဆုတ်နေကြတာဖြစ်သည်။ ယောက္ခမဖြစ်သူကလည်း မန္တလေးကိုရောက်အောင်တောင်မစောင့် ကြိုသွားနှင့်မယ်လိပ်စာအတိုင်းလိုက်ခဲ့ဆိုပြီးမှာယုံမှာထားခဲ့ကာ သူမတို့မှာတော့ဒီခြံဟုတ်မှဟုတ်ရဲ့လား ဒွိဟဖြစ်နေရ၏။

ရှေ့ခန်းမှာမိဘတွေက ဟိုကြည့်ဒီကြည့်လည်ပင်းလိမ်နေရသလောက် နောက်ခန်းမှာပီကေဝါးမပြတ်ပဲ မျက်လုံးမှိတ်မှီအိပ်နေတဲ့သားဖြစ်သူကို ဒေါ်ယဉ်မေဦးအလုပ်ပေးရတော့သည်။

"ဂုဏ်..၊အောက်ခဏဆင်းပြီး ခြံကိုဘဲလ်‌သွားတီးကြည့်စမ်း လူထွက်လာရင် ဒေါ်မိမိစံတို့ခြံဟုတ်မဟုတ်မေးခဲ့..ဟုတ်ရင် ကားဝင်ဖို့တံခါးဖွင့်ခိုင်းလိုက်"

"ဟာ မာမီကလည်း ဟွန်းတီးလိုက်ပါ့လား"

ကိုယ်ကသားရှင်ဘက်ကမြန်းဖို့လာတာ ကားပေါ်ကမဆင်းပဲ ဟွန်းတီးပြီးအခန့်သားဝင်သွားလို့ကောင်းပါ့မလား။ ခြံနံပါတ်ကလည်းမသေချာတာမို့လို့ ဆင်းမေးလိုက်ပါဆိုတာကို သူကတစ်ပြန်ခိုင်းနေ၏။ ဖအေလုပ်သူနဲ့အခြေအတင်များမှာစိုးလို့ ထိပ်တိုင်ရင်မဆိုင်ရအောင် သူမပဲတစ်လမ်းလုံးရင်ကြားစေ့လာခဲ့ရတာကို အခုမှဒီကောင်လေးဘာထဖောက်ပြန်ပြီလဲ။

"အောင်မာကွာ လိုအပ်လို့ဆင်းခိုင်းတာဆင်းပေါ့၊ အူမချေးခါးလိုက်ပြောနေရတယ် ဒီအိမ်ကရွှေဘုံစံမင်းယူမှာလား၊ ငါနဲ့ယူမှာလား"

"ကို့"

"‌ဒါတော့ ဒယ်ဒီ့သဘော၊ မာမီနဲ့ကြည့်ရှင်းပေါ့"

နှုတ်ခမ်းပါးရှာပါးနဲ့မိဘကိုပြန်ပက်ပြီး အေးအေးလူလူဆင်းချသွားသည်။

"ငါကွာ"

"ကိုကလည်း သားနဲ့တုပြီး"

"မေဦးသားပြောပုံကိုကြည့်လေ"

"ကို့သားမဟုတ်ဘူးလား"

ဇနီးဖြစ်သူကစူစူလေးပြောတော့ သူစကားမှားသွားတာကိုပြာပြာသလဲဖြေရှင်းရပြန်သည်။

"မောင့်ကိုချစ်လို့ မောင်လို့ခေါ်မယ် မောင်"(Ongoing)Donde viven las historias. Descúbrelo ahora