Chapter 33

3.2K 142 12
                                    

[Unicode]

"မောင့်ကိုချစ်လို့ မောင်လို့ခေါ်မယ် မောင်"
(Chapter - 33)

"ဟယ်လို ဘုံ.."

"ငါ့ကိုလာကယ်ပါ"

‌ဖုန်းသံမပြတ်မသားကြားထဲမှာ တစ်စွန်းတစ်စကြားလိုက်ရသည့်စကားကြောင့် နားထဲဒိန်းခနဲ။ဘံုတစ်ခုခုဖြစ်‌ေနပြီဆိုတာအတည်ပြုစရာမလို‌ေတာ့တာ‌ေကြာင့်် စိုးရိမ်မှုရေချိန်အလွန်အမင်းမြင့်တက်သွာရ၏။ ပြီးတော့ ငါးခါတိတိလွဲသွာခဲ့ရသည့် ဘုံ့ရဲ့ဖုန်းခေါ်ဆိုမှုတွေ။

ဘုံ့ကိုလိုက်ပို့ပြီးပြန်လာချိန်မှာ အဆမတန်ထိုးကိုက်လာသည့်မျက်ရိုးတို့ကြောင့်ရော ငါဖျားနေပြီဆိုသည့်အသိနှင့် ဆေးသောက်လိုက်ရတာလည်း သွားကြိုဖို့ရာခေါင်းမထူနိုင်မှာစိုး၍ဖြစ်သည်။ အခုကတော့ ခေါင်းမထူနိုင်အောင်အိပ်ပျော်မိနေခြင်း‌ကြောင့်...

*ကျစ်*

‌အာ့တာ‌ေ‌တွကြောင့်အအေးမိပျောက်ဆေးတွေမသောက်ချင်တာ။ ကျစ်သပ်လိုက်ခြင်းနှင့်အတူ ဂျင်းဂျက်ကပ်တစ်ထည်ကောက်စွပ်ကာ ကားသော့ယူပြီးအလျင်အမြန်ဆင်းလာကာ အရှိန်အကုန်တင်၍‌ကားကိုမောင်းထွက်လာ၏။ လမ်းမှာတွေ့သမျှကားအစီးတိုင်းကျော်တက်နေရင်း ဘုံ့ဖုန်းကိုလည်းအဆက်မပြတ်ခေါ်‌ထားပေမယ့် ဖုန်းကဝင်သည်ဆိုရုံသာ။ ဘုံ့ဖုန်းကိုတစ်ယောက်ယောက်ကလုနေတာလည်းကြားထားရတော့ စိတ်ပူကိုယ်ပူနှင့်ဒုန်းမောင်းလိုက်တာ ဟိုတယ်ရှေ့ကိုဘယ်လိုရောက်သွားမှန်းမသိ။

"ဒယ်ဒီ..ဒယ်ဒီ...ဘုံရော"

လုပ်ငန်းပါတနာတွေနှင့်စကားတပြောပြောဖြင့်ထွက်လာသည့်ဒယ်ဒီ့ကို အဆင်သင့်မြင်တာနှင့်ပြေးသွားကာမေးရသည်။ မမြင်တာကြာပြီဖြစ်သည့်သူ့ကိုဒယ်ဒီကတစ်ချက်တော့အံ့ဩသလိုကြည့်ပြီး...

"ဘုံပြန်သွားပြီမဟုတ်ဘူးလား"

"မဟုတ်ဘူး..အိမ်ကိုပြန်မရောက်သေးဘူး..ဖုန်းလည်းခေါ်မရဘူးဒယ်ဒီ..ဘုံနဲ့ဖုန်းပြောနေတုန်းဘုံ့ဖုန်းအလုခံလိုက်ရတယ်"

အေးဆေးဖြစ်နေသည့်ဒယ်ဒီလည်းသူ့စကားကြောင့် အလန့်တကြားဖြစ်သွားပုံရသည်။

"မောင့်ကိုချစ်လို့ မောင်လို့ခေါ်မယ် မောင်"(Ongoing)Tempat cerita menjadi hidup. Temukan sekarang