[Unicode]
"မောင့်ကိုချစ်လို့ မောင်လို့ခေါ်မယ် မောင်"
[Part 3][မင်္လာပွဲနေ့]
"ကြည့်ပါဦး လှလိုက်တာ"
အလှပြင်ခန်းထဲဝင်လာပြီး မှန်တင်ခုံရှေ့မှာခြယ်မှုန်းခံနေသည့် ဘုံ့ကို ဒေါ်မိမိစံကရှုမဝစွာချီးကျူးသည်။
"မာမီတို့ကတော့ လက်စွမ်းကုန်ပြင်ချင်တာမနဲလျော့ထားရတယ်..၊ ဒီသတို့သမီးကျမှ မျက်ခုံးကလည်းသေသပ်ေအာင်ဘေးစပ်ကလေးတွေပဲရိတ်ရတယ် ဘာဆေးမှမကူလိုက်ရဘူး မာစကာရာလေးနဲ့ဖီးရုံပဲ၊ မျက်တောင်ကိုလည်းအတုတပ်ရမယ်ထင်တာ သဘာဝအတိုင်းရှည်ကော့နေတော့လက်လျှော့လိုက်ရပြန်ရော"
ဘုံ့ကိုပြင်မေးနေသည့် သူ့ကိုယ်သူမာမီလို့ပြောတတ်သည့် အလှဖန်တီးရှင်ကလည်း မြှောက်တာလား၊ တကယ်လားမသိ ရွှန်းရွှန်းဝေအောင်ဂုဏ်ဖော်လေသည်။
"မစံကမျက်ခုံးမျက်လုံးလှလှလေးတွေပဲမွေးထုတ်ထားတာလေ..ကြည့်ပါဦး မေဦးချွေးမလေးလှချင်တိုင်းလှနေတာ"
အမေနှစ်ယောက်လုံးကတစ်ယောက်တစ်လှည့်စီချီးကျူးမဆုံးဖြစ်နေတာကြောင့် ဘုံမနေတတ်စွာ သန့်စင်ခန်းဝင်ချင်သလိုလိုဖြစ်လိုက် ခေါင်းမူးသလိုလိုဖြစ်လိုက်နဲ့ တကယ်ကိုမအီမလည်ကြီးခံစားနေရသည်။
"မစံ...မေဦးသမီးလေးအတွက်စိန်ဘယက်လေးဆွဲပေးချင်တယ်"
တင်တောင်းတဲ့ပစ္စည်းတွေနဲ့လက်ဝတ်ရတနာတွေတင်နည်းတာမဟုတ်တာကို လာပြန်ပြီစိန်ဘယက်။ ယောက္ခမလောင်းကရက်ရောကြည်ဖြူလွန်းနေပေမယ့် ဘုံ့မှာတော့လက်ခံရတာတွေများလေစိတ်အိုက်လေ။
"ကံကောင်းလိုက်တဲ့သတို့သမီးလေး တို့သိပ်အားကျနေရပြီ"
ဘုံ့လည်တိုင်ကျော့ပေါ်တွင်ပြိုးပျက်လက်နေသည့် ဒေါ်ယဉ်မေဦးကိုယ်တိုင်ဆွဲပေးသောစိန်ဘယက်ကလေးအား ပုံကျအောင်တည့်မတ်ပေးရင်းအလှဖန်တီးရှင်ကပြောသည်။ အိမ်ထောင်တစ်ခုမှာ ကံကောင်းခြင်းကံဆိုးခြင်းဆိုတာ လက်တွဲဖေါ်ဖြစ်လာမည့်သူအပေါ်မှာသာတိုက်ရိုက်အချိုးကျသည်တဲ့။ ဘုံကကံကောင်းတယ်လို့ပြောလို့ရမည်မထင်ပါ။
ESTÁS LEYENDO
"မောင့်ကိုချစ်လို့ မောင်လို့ခေါ်မယ် မောင်"(Ongoing)
RomanceGenre: Romance,Comedy, Arranged merriage Chapters: 40+ Start date: 16.7.23 End date: ? [Unicode + Zawgyi] ရည်းစားများတဲ့ဂျစ်ကန်ကန်ကောင်လေး "သမားဂုဏ်" ကို စာရေးဆရာမလေး အပျိုကြီးမမ "ရွှေဘုံစံ" နဲ့ မိဘတွေကအိမ်ထောင်ချပေးလိုက်တဲ့အခါ အသက်အရွယ်ကွာဟမှုတွေ...