Chapter 39

3.2K 138 8
                                    

[Unicode]

"မောင့်ကိုချစ်လို့ မောင်လို့ခေါ်မယ် မောင်"
( Chapter - 39)

"ဘယ်လိုဖြစ်ကြတာလဲကွာ..တစ်ယောက်က ဆေးသွင်းနေရတယ်..နောက်တစ်ယောက်က‌ေခါင်းမှာပတ်တီးအဖွေးသားနဲ့"

ဂုဏ်ပြန်မဖြေမိပဲ အိပ်ရာပေါ်ကဘုံ့မျက်နှာလေးကိုပဲ ခပ်တွေတွေငဲ့ကြည့်နေမိသည်။

"မင်းကပတ်တီးနဲ့ပဲမြင်ရသေးလို့..ငါဝင်လာတုန်းက ပန်အိုးအကွဲဘေးမှာကွာ..မဘုံကိုသွေးစက်လက်နဲ့ပိုက်ပြီး မျက်ရည်တွေကျနေတာ ဒီကောင်..."

"လပြည့် အပိုတွေမပြောနဲ့"

"လိုတောင်လိုနေသေးတယ်"

လပြည့်ကမနက်ဖြန်မနက်စောစော ဘားအံဘက်ကိုကားသွားပို့ပေးစရာရှိ၍ သူယူထားသည့်ဆိုက်ဂနက်လေးလာယူတာဖြစ်သည်။ သူဖုန်းလှမ်းဆက်တော့ ဂုဏ်အသံမကောင်းတာနှင့် အခန်းရှေ့ထိရောက်လာရကာ တံခါးထုမှဂုဏ်ထွက်လာတာဖြစ်သည်။

"ဆရာဝန်ခေါ်ပေးလို့ရမလားလပြည့်..ဘုံခေါ်မရတော့လို့"

ကိုယ့်နားထင်စီးကျနေတဲ့သွေးကိုပင်ဂရုမစိုက်အားပဲ မဘုံအတွက်စိုးရိမ်ကြီးပြနေလို့ သူ့မှာအသိဆရာဝန်ကိုပြေးပင့်ရသေးသည်။

"ဆရာဝန်က ညနက်မှဆိုတော့မလိုက်ချင်ဘူးဟေ့ရောင်ရေ..ဖားသားကြီးအသိမို့လို့သာ မျက်နှာထောက်ပြီးလိုက်လာဖေါ်ရတာ..ဒီရောက်တော့ လူမမာမမြင်ဘူး သွေးစတွေကပ်နေတဲ့ဒီကောင့်ရုပ်မြင်ပြီး အနာအရင်ချုပ်ရတယ်"

"‌ဘယ်နှစ်ချက်တောင်ချုပ်လိုက်ရလဲ"

ညီသစ်အမေးကိုဂုဏ်ကဘာမှမဖြစ်သလိုလေသံနှင့်...

"ပါးပါးလေးပါ..သုံးချက်တည်း"

ရန်ဖြစ်နေကျလူမို့လို့ခေါင်းကွဲပေါင်းလည်းမနဲပါဘူး။ ဂုဏ့်ခေါင်းကို ဆံပင်လှန်ကြည့်ရင် ချုပ်ရိုးရာတွေဟိုနားနဲနဲဒီးနားနဲနဲရှိနေမှာသေချာသည်။ ဒီတစ်ခါရော ဘယ်အဖွဲ့နဲ့တစ်ကိုယ်တော်နွှဲလာပြန်ပြီလဲမသိ။ တစ်ခုခုဆို သူတို့ရှိပါရက်နှင့်လှမ်းမခေါ်ပဲ ဖိုက်တာလုပ်နေတာကဂုဏ်။

"ဘယ်ကောင်တွေလက်ချက်လဲ..မင်းသီဟကိုလား..ငါ့သူငယ်ချင်းကို‌သုံးချက်ချုပ်ရအောင်လုပ်ရင် ခြောက်ချက်ချုပ်ရအောင်ပြန်ကြိတ်ပေးလိုက်မယ်"

"မောင့်ကိုချစ်လို့ မောင်လို့ခေါ်မယ် မောင်"(Ongoing)Onde histórias criam vida. Descubra agora