သူ့ဘ၀မှာ Fourthရဲ့ အိမ်မက်က ရိုးရိုးရှင်းရှင်း သာမာန်လူတစ်ယောက်ဖြစ်ဖို့ပါပဲ။ သူ့ချစ်သူ Indyနဲ့ လက်ထပ် ပျော်စရာကောင်းတဲ့ မိသားစုဘ၀လေး ထူထောင်ပြီး တခြားအချစ်ဇာတ်လမ်းတွေရဲ့ အဆုံးသတ်လို အသက်ကြီးတဲ့အချိန်အထိ နေ၀င်ချိန်တွေကို လက်တွဲရင်း ကြည့်သွားချင်တာပါ။
ဒါပေမယ့် သူ့ရဲ့အိမ်မက်က ရိုးရှင်းတာတောင် အမှန်တကယ်ဖြစ်လာဖို့ မလွယ်ကူတော့ပါဘူး။ မတော်တဆမှုတစ်ခုက သူအိမ်မက်မက်ထားခဲ့သမျှ အရာအားလုံး၊ သူ့ရဲ့မိဘတွေအပြင် သူလက်ထပ်ချင်တဲ့ Indyကိုပါ သူ့ဘ၀ထဲက ဆွဲထုတ်သွားခဲ့တယ်။ အဲ့ဒီ့မတော်တဆမှုဖြစ်ပြီးတော့ ကူရာကယ်ရာမဲ့နေတဲ့သူက တစ်ယောက်တည်းရုန်းကန်ခဲ့ရပြီး အနာဂတ်အတွက် အကောင်အထည်ဖော်ချင်ခဲ့တဲ့ သူ့ရဲ့အိမ်မက်ကိုပါ ဖျက်ဆီးခံခဲ့ရပါတယ်။
အရာအားလုံး ပျက်စီးသွားပါပြီ။
အဲ့လိုသူ့ရဲ့အခက်အခဲတွေကပဲ သူ့ကို Gemini Norawit နဲ့ စာချုပ်ချုပ်စေခဲ့ပါတယ်။
Gemini Norawit ချမ်းသာပြီး မာနအလွန်ကြီးတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် သူလိုချင်တာရဖို့အတွက်ဆို ဘယ်သူ့အပေါ်မှ အမြတ်ထုတ်လိုက်ဖို့ ၀န်မလေးတဲ့သူ
အဆိုးဆုံးကတော့ လူမသိ သူမသိ Fourthအပေါ် စွဲလမ်းနေတာပါပဲ။
Fourthက Indyကို ကယ်နိုင်ဖို့အတွက် Geminiကိုလိုပြီး Geminiက သူ့ရဲ့ဆန္ဒတွေကို ဖြေဖျောက်နိုင်ဖို့အတွက် Fourthကို လိုအပ်တယ်။
အခြေအနေအရ ပေါင်းစည်းဖို့ဖြစ်လာတဲ့ ဘယ်တော့မှ စည်းမကျော်သင့်တဲ့ လူနှစ်ယောက်
လိုအပ်ချက်နဲ့ လိုချင်တပ်မက်မှုတွေကြောင့်သာ အချင်းချင်း မုန်းတီးမှုတွေကို ဥပေက္ခာပြု ကျော်လွှားကြတဲ့လူနှစ်ယောက်
သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ သူတို့နှစ်ယောက်ရဲ့ အသွေးအသားတွေကိုပါ ပူလောင်စေနိုင်တဲ့အထိ ပူလောင်လွန်းလှပေမယ့် အတင်းအကြပ်လုပ်ယူထားတဲ့ ဆက်ဆံရေးတစ်ခုကနေ အချိန်ကြာလာတာနဲ့အမျှ အပြန်အလှန် လိုအပ်မှုနဲ့တောင့်တမှုတွေကြောင့် နောက်ဆုံးမှာ ဘယ်လိုမတတ်နိုင်ဘဲ ချစ်မိသွားကြတယ်။
YOU ARE READING
A Romantic Story About Fourth || Myanmar Translation (GeminiFourth ♊4️⃣ FF)
FanfictionCredit to @santhyagatha and @oceansred on Wattpad