ကားကို ကြယ်ငါးပွင့်အဆင့်ရှိတဲ့ ဟိုတယ်ဧရိယာထဲ ၀င်လိုက်ချိန်မှာ Fourthက Geminiကို လန့်နေတဲ့အကြည့်တွေနဲ့ ကြည့်လိုက်မိတယ်။ ထိုလူက သူ့ကိုဘာမှပြောလာခဲ့။ အေးဆေးကားမောင်းနေပေမယ့် ဒေါသထွက်နေသလို အံတွေကိုသာ ကြိတ်ထားတယ်လေ...သူ့ကိုမညှာမတာလုပ်ပြီး ဒေါသတွေဖြေဖျောက်မှာများလား?
နေ့လည်တုန်းက Geminiကို သူစွပ်စွဲမိတဲ့အတွက် သူ့လိုပဲ Geminiလဲ စိတ်တိုသွားမယ်လို့ သူအတပ်ပြောရဲတယ်! သူ့အပေါ် ကြမ်းကြမ်းတမ်းတမ်းဆက်ဆံပြီး ဒေါသတွေဖြေမှာကိုပဲ သူကြောက်မိတာ!
ဘေးတံခါးပွင့်လာတဲ့အချိန်မှာတော့ သူလန့်ခုန်မတတ်ပဲ! ကြည့်ရတာ Geminiက ကားပေါ်ကဆင်းပြီး passenger seatက တံခါးကို လာဖွင့်ပေးပုံပဲ! သူ့ရဲ့ဖြူဖျော့နေတဲ့မျက်နှာကိုတွေ့တာနဲ့ အလိုမကျဖြစ်သွားတဲ့ Gemini။
"ဆင်း" Geminiက ခက်ထန်စွာ ပြောပြီးတာနဲ့တစ်ပြိုင်နက် သူ့လက်မောင်းကိုကိုင်ပြီး သူ့ကိုကားပေါ်က အလျင်အမြန်ပဲ ဆွဲထုတ်လာတယ်။
ကာားပါကင်က ၀န်ထမ်းဆီ ကားကို ပါကင်ထိုးပေးဖို့ Geminiက ကားသော့ကိုအပ်ပြီးတာနဲ့ ခမ်းနားလှတဲ့ ဟိုတယ်မျက်နှာစာစီ ဘေးချင်းယှဉ်လျှောက်သွားတဲ့ သူတို့။
ဟိုတယ်ဧည့်ကြို၀န်ထမ်းက သူတို့ကို ဖော်ရွေပျူငှာစွာ နှုတ်ဆက်ရင်း Geminiဆီ သူတို့ရွေးထားတဲ့ အခန်းသော့ကတ်ပြားပေးလာတယ်။
ဓာတ်လှေကားထဲအထိတောင် သူတို့ကြားက လေထုက အေးစက်နေတုန်း။
အခန်းက တော်တော်ကိုမှ ကျယ်ပြီး ခမ်းနားနေတဲ့အတွက် သူတောင် အခန်းရဲ့အပြင်အဆင်မှာ တအံ့တဩဖြစ်မိတာအမှန်။
"မင်းဘာမှမစားရသေးဘူးမလား? ငါ ညစာမှာလိုက်မယ်.." ထိုလူက သူ့ကိုစူးစူးဝါးဝါးကြည့်လာရင်း "မင်း ရေအရင်ချိုးတာကောင်းမယ်..မင်းတစ်ကိုယ်လုံး မိုးမိထားလို့စိုနေတာ..ရေပူပူလေးနဲ့ ရေသွားချိုးလိုက်_"
"ဒါ..ဒါပေမယ့် ကျွန်တော် ၀တ်စရာ အ၀တ်အစားမပါလာဘူးလေ.."
Geminiက သူ့ကို ခေါင်းအစခြေအဆုံးအထိ စူးစိုက်ကြည့်လာတာများ သူ့ပါးတွေပါ ရဲတက်သွားတဲ့အထိ။
YOU ARE READING
A Romantic Story About Fourth || Myanmar Translation (GeminiFourth ♊4️⃣ FF)
FanficCredit to @santhyagatha and @oceansred on Wattpad