Fourthနိုးလာတော့ Geminiမရှိတော့ဘူး။ အိပ်ယာပေါ်မှာ သူတစ်ယောက်တည်း။ ကုမ္ပဏီမသွားခင် အိမ်ပြန်သွားတယ်ထင်ပါရဲ့။ သူ့မှာအိမ်ရှိတာပဲ ဒီကွန်ဒိုမှာပဲ တစ်ချိန်လုံး ဘယ်နေပါ့မလဲ?! ဒါပေမယ့် တစ်ခုခုလစ်ဟာသွားသလို Fourthခံစားရတာအမှန်။ Geminiနဲ့တူတူ နိုးထလာရတဲ့မနက်တွေက သူတစ်ယောက်တည်းရှိတဲ့ဒီမနက်ကို တကယ်ပဲ တစ်ခုခုလိုနေသလို ခံစားရစေပါတယ်။
ဒီလိုအရူးကတော့! မင်းကိုယ်မင်း ဘာထင်နေလဲ Fourth! မင်းက Geminiရဲ့ဆန္ဒတွေဖျောက်ပေးရတဲ့ အရုပ်သာသာပဲ! စိတ်ကူးတွေယဉ်မနေနဲ့! ပြီးတော့ မင်းမှာ ဂရုစိုက်ရမယ့် Indyရှိသေးတယ်!
ညောင်းကိုက်နာကျင်နေတဲ့ ခန္ဓာကိုယ်ကို အားယူပြီး သူ ရေချိုးခန်းထဲသွားမိတယ်။ မနေ့ညက Geminiက တားမရဆီးမရ သူ့ကိုလုပ်သွားတာ!
ရေချိုးခန်းမှန်ထဲက သူ့ပုံရိပ်က သူ့ကိုတကယ်ပဲ စိတ်ညစ်စေပါတယ်။ လည်ပင်း၊ ရင်ဘတ်၊ ၀မ်းဗိုက်နဲ့ ပေါင်ခြံတွေအထိ Geminiပေးထားတဲ့ အနီရောင်အမှတ်အသားတွေအပြည့်ပဲ! သူ့ကိုယ်နေရာအနှံ့ကို တမင်တကာချန်သွားတာ! သူ့တစ်ကိုယ်လုံးက အနီရောင်အမှတ်အသားတွေနဲ့ပြည့်နေပြီး အဲ့တာတွေက မကြာခင် ခရမ်းပုတ်ရောင်ပြောင်းတော့မှာကို Fourthသိပါတယ်။
ဒီGeminiကတော့! ရင်ဘတ်က အမှတ်ကိုကွယ်လို့ရပေမယ့် လည်ပင်းကအမှတ်ကို တစ်ယောက်ယောက် မြင်သွားရင် ဘယ်လိုလုပ်မလဲ?! သူက ဒီလိုမျိုးတစ်ခါမှ အနမ်းခံရဖူးတာမဟုတ်ဘူး!
သူနဲ့ Indyကြားက ဆက်ဆံရေးက ဒီလိုအဆင့်ထိ
ရောက်ဖို့မပြောနဲ့ သေချာတောင် နမ်းဖူးကြတာမဟုတ်ပေမယ့် ဒီအမှတ်တွေကပျောက်ဖို့ ရက်ပိုင်းလောက်ကြာဦးမှာကို သူသိတယ်။Geminiအရူး! သူဆဲလိုက်ရင်း လည်ပင်းကိုပတ်ဖို့ မာဖလာလိုက်ရှာရတော့တာပဲ။ ခေါင်းမြန်မြန်ဖြီးရင်း သူကွန်ဒိုက ထွက်လာလိုက်တယ်။ ဒီနေ့လဲ နောက်ကျပြန်ပြီ!
ဘတ်စ်ကားမှတ်တိုင်မှာ ကားစောင့်နေတုန်း ရုတ်တရတ် သူခေါင်းတွေကိုက်လာတာကို ခံစားမိတယ်။ သူ မနက်စာမစားရသေးဘူးပဲ! ပြီးတော့ ညညဆို တော်တော်နဲ့မ၀သွားတဲ့Geminiကြောင့် အခုထိ အိပ်ရေး၀တဲ့ညရယ်လို့ကို မရှိသေးဘူး!
YOU ARE READING
A Romantic Story About Fourth || Myanmar Translation (GeminiFourth ♊4️⃣ FF)
FanfictionCredit to @santhyagatha and @oceansred on Wattpad