"Indy Thanathatအခန်းက ဘယ်မှာလဲ?" Gemini ဆေးရုံဧည့်ကြိုကို မေးလိုက်တော့ သူ့ရဲ့ကြည့်ကောင်းမှုအပေါ် ဆေးရုံဧည့်ကြိုက မင်သက်သွားပုံပဲ! "Indy Thanathatအခန်း?!" သူ့ကိုပဲ စိုက်ကြည့်နေတဲ့ ဆေးရုံဧည့်ကြိုကြောင့် သူထပ်မေးမိတယ်။
"အာ...Indyဆိုရင်တော့ Satangကို အရင်တွေ့သင့်တယ် သူက သူနာပြုခေါင်းဆောင်လေ"
"ဘယ်မှာတွေ့ရမှာလဲ?" သူ စိတ်မရှည်စွာ ပြန်မေးလိုက်တယ်။
"သူနာပြုနားနေခန်းက တတိယထပ် အခန်းနံပါတ်နှစ်မှာပါရှင့်"
တုန့်ဆိုင်းမှုမရှိဘဲ အခုထိ မင်သက်နေတုန်းဖြစ်တဲ့ ဆေးရုံဧည့်ကြိုကို ထားခဲ့ပြီး သူ သွားလိုက်မိတယ်။
တံခါးက လုံး၀ ပိတ်ထားတဲ့အတွက် သူ တံခါးခေါက်လိုက်တယ်။
"၀င်လာပါ" အထဲက အသံညင်သာသာ။
Geminiက ၀င်လိုက်ပြီး ချက်ချင်းပဲ Satangရှေ့သွားလိုက်တယ်။
သူ့ရှေ့မှာ ရပ်နေတာ ဘယ်သူမှန်း Satangသတိထားမိသွားတယ်။ သူမှားမြင်တာတော့ မဖြစ်နိုင်ဘူးမလား?
Fourthက လူရွေးတော်သားပဲ! Geminiက တကယ်ကို ချောမောပြီး ယုံကြည်ချက်အပြည့်ရှိတဲ့ပုံပေါက်တယ်။
"နောက်ဆုံးတော့ အမှန်ကို သိသွားပြီပေါ့?!" Satangဒဲ့ပဲ မေးလိုက်မိတယ်။
Satangရဲ့ နှုတ်ဆက်စကားမှာ Geminiမျက်မှောင်ကြုံ့သွားတယ်။ ဒီလိုစကားမျိုး သူ မျှော်လင့်မထားဘူး! ဒါပေမယ့် ညသန်းခေါင်ကြီး သူကိုင်လိုက်မိတဲ့ဖုန်းကို သတိရသွားတယ်။ အဲ့တုန်းက ဆက်လာတာ Satangမလား?!
"ဟုတ်တယ်!" သူ တိုးတိုးလေး ၀န်ခံလိုက်တယ် "ခင်များ အကုန်သိတယ်မလား?"
"ဟုတ်တယ် အကုန်သိတယ် ပြီးတော့ ခင်များ Fourthကို ထပ်မစွပ်စွဲခင် ကျွန်တော် ကြိုရှင်းပြထားမယ် မနေ့ညက ကျွန်တော့ဆီကို Fourth တော်တော်ဆိုးရွားတဲ့အခြေအနေနဲ့ရောက်လာတယ် စိတ်ရောလူပါ ပင်ပန်းကြေကွဲနေတဲ့ပုံပဲ ပြီးတော့ ခင်များဆီက ထွက်သွားချင်တယ်တဲ့ ခင်များရဲ့ ဆက်ဆံပုံတွေကိုကြည့်ရင် အဲ့တာက သာမာန်ပဲလေ ဟုတ်တယ်မလား?" Satangရဲ့ ပြောင်ပြောင်တင်းတင်း ရှုံ့ချမှုအောက်မှာ ဒေါသကြောင့် နီရဲသွားတဲ့ သူ့မျက်နှာ။ "ခင်များကို သူပေးတဲ့ပိုက်ဆံတွေက ကျွန်တော်နဲ့ တခြားဆေးရုံ၀န်ထမ်းတွေဆီက ချေးထားတာ ဒီနေ့မနက်က သူ့ကို ခင်များပြောလိုက်သလို တခြားယောကျာ်းဆီက ယူလာတာမဟုတ်ဘူး!"
YOU ARE READING
A Romantic Story About Fourth || Myanmar Translation (GeminiFourth ♊4️⃣ FF)
FanfictionCredit to @santhyagatha and @oceansred on Wattpad