Sixteen

1.3K 71 32
                                    

အိပ်ပျော်နေသေးတဲ့Fourthကို Dunkစောင့်ပေးနေမိတယ်။ လွန်ခဲ့တဲ့နှစ်နာရီတည်းက နိုးလာတဲ့Geminiကတော့ ဆေးကြောသန့်စင်ပြီးသွားလို့ လန်းသွားပုံရပေမယ့် ဒဏ်ရာတွေကြောင့် လမ်းလျှောက်ရတာ သက်တောင့်သက်သာမဖြစ်စွာဘဲ စောင့်နေတဲ့နေရာကို ဖြည်းဖြည်းချင်း ရောက်လာတယ်။

ဝှီးချဲပေါ်မှာထိုင်နေတဲ့Indyက ပြတင်းပေါက်အပြင်ဘက်ကိုပဲ ကြည့်နေမိတာ....အခန်းထဲက လေထုနဲ့လိုက်ဖက်စွာဘဲ အပြင်မှာ မိုးက သည်းကြီးမည်းကြီးကို ရွာနေတယ်။

Gemini ရှိနေတာကို သူ သိပေမယ့် လှည့်မကြည့်ဘဲ "Fourth ဘယ်လိုနေသေးလဲ?" လို့ မေးလိုက်တယ်။

"အာ..အစ်ကိုDunkက ဆေးတိုက်ပေးပြီးသွားလို့ အခု သူ အိပ်ပျော်နေတယ်" Geminiက သူ့ဘေးကနံရံကိုမှီရင်း သူ့လို ပြတင်းပေါက်အပြင်ကို ကြည့်ကာ ပြောလာတယ်။

"ကျွန်တော် ဘာလို့ ခင်များနဲ့ စကားပြောချင်လဲဆိုတာ သိမှာပေါ့" သူ့ကို လှည့်မကြည့်လာတဲ့Geminiက ခေါင်းငြိမ့်ပြတယ်။ ပြီးတော့ သူတို့ကြားက လေထုက အကြာကြီး တိတ်ဆိတ်သွားပြီးနောက်မှာတော့ သူ သက်ပြင်းချရင်း "ခင်များ သူ့ကို ချစ်လား?"

"အများကြီးပဲ!" စိတ်ရင်းပါတဲ့အသံနဲ့ ချက်ချင်းပြန်ဖြေလာတဲ့Gemini။

သူ့ရင်ထဲက မွန်းကြပ်လာမှုကို သူ မြိုချလိုက်တယ်။ သူ့အပြင် Fourthကို ရူးရူးမူးမူးချစ်တဲ့ တခြားယောကျာ်းတစ်ယောက် ရှိနေတာပဲဆိုတဲ့အသိက သူ့ကို နာကျင်စေပြီး ရှုံးနိမ့်သွားသလို ခံစားစေပါတယ်။ ဒါပေမယ့် သူ အားတင်းလိုက်တယ်။ Fourthအတွက်ပဲ....Fourthပျော်ရွှင်ဖို့အတွက်!

"သူ့ကို ပျော်အောင် ထားပေးမှာလား?"

"သူပျော်ဖို့က ကျွန်တော့ဘ၀ရဲ့ ပန်းတိုင်ပဲ!" ဒါ Gemini အရိုးသားဆုံး ပြောလိုက်တာ။ ပြီးတော့ သူ့ကိုကြည့်နေတဲ့Indyကို ကြည့်လိုက်ပြီး "ကျွန်တော် တောင်းပန်ပါတယ်" သူ သက်ပြင်းချမိတယ်။ "Fourthကို ခင်များဆီက လုယူဖို့ တစ်ခါမှ မ‌ရည်ရွယ်ခဲ့ပါဘူး..ကျွန်တော် သူ့မှာ ခင်များရှိနေမှန်း နောက်ဆုံးအချိန်မှ သိလိုက်ရတာ"

ကြားလိုက်ရတဲ့စကားမှာ သူ မျက်မှောင်ကြုံ့လိုက်မိတယ်။ Dunkက သူ့ကို Geminiပါးစပ်က ကိုယ်တိုင် နားထောင်စေချင်လို့ ဒါကို မပြောပြဘဲ ချန်ခဲ့တာဖြစ်မယ်! "Fourthက ခင်များနဲ့ သဘောတူရတဲ့ ရည်ရွယ်ချက်ကို မပြောပြဘူးလား?"

A Romantic Story About Fourth || Myanmar Translation (GeminiFourth ♊4️⃣ FF)Where stories live. Discover now