အသက်ကယ်ပေးတဲ့ ကိရိယာတွေရဲ့ ပုံမှန်မြည်နေသံကလွဲ တစ်ခန်းလုံးက တိတ်ဆိတ်နေလျက်။ မလှုပ်မယှက်လှဲနေတဲ့ Indyကိုကြည့်ရင်း Indyကုတင်ဘေးမှာ Fourthထိုင်နေမိတယ်။ နောက်နှစ်နာရီနေရင် Indyကျောက်ကပ်ခွဲစိတ်မှုလုပ်ရတော့မယ်။
မင်းက သန်မာပါတယ်...အသက်ရှင်ဖို့အတွက် အလုံအလောက် သန်မာတယ်မလား? ကျေးဇူးပြုပြီး ငါ့အတွက်ပဲဖြစ်ဖြစ် မင်းအသက်ရှင်ပေးမှရမယ်! မင်းအသက်ရှင်ရမယ် ငါ့အတွက်လေ Indy....
ထပ်ခါတစ်လဲလဲ ရေရွတ်ကာ ဆုတောင်းမိတဲ့ Fourthဆုတောင်းတွေ။
Indyက ပိုပိန်သွားတယ် ပိုလဲဖြူဖျော့လာပြီး ဒီတိုင်း မလှုပ်မယှက်ပဲ! Indyကိုယ်ထဲမှာ အသက်ရှင်နိုင်မယ့် အင်အားရှိနေသေးတယ်လို့ Fourthယုံတယ်။ သူ ယုံတယ်။ သူက Indyကိုယုံပြီး အဲ့တာကပဲ သူ့ရဲ့ ယုံကြည်မှုအားလုံးအပေါ် သံသယမရှိစေတာ! ခွဲစိတ်မှုအောင်မြင်နိုင်ချေက ၆၀ပုံပုံရင် ၄၀ပုံပဲရှိလို့ အဲ့၄၀ပုံပေါ်ပဲ မူတည်ပေမယ့် သူ Indyက သန်မာတဲ့သူဆိုတာ ယုံပါတယ်။ အခုထိ အသက်ရှင်ပေးနေတာက သက်သေပြနေတာပဲလေ!
အခန်းထဲ၀င်လာတဲ့Satangက သူ့ပုခုံးတွေကို ထိရင်း "သူ့အခြေအနေက ငြိမ်နေတယ် သူလုပ်နိုင်မယ်ဆိုတာ ငါယုံတယ်"
"ဟုတ်တယ် Satang Indyသန်မာမှရမယ်"
Satangက Indyသွေးခုန်နှုန်းကို တစ်ချက်စစ်ရင်း တစ်ခုခုကို သတိရသွားသလိုနဲ့ သူ့ကိုကြည့်လာပြီး "Geminiကို ဘယ်လိုပြောခဲ့တာလဲ?"
သူ ရှက်ပြီး မျက်နှာနီသွားတယ်။
"ခွဲစိတ်မှုလုပ်မယ့် သူငယ်ချင်းကို အဖော်ပြုပေးဖို့လို့ ကျွန်တော်ပြောခဲ့တယ်" အသက်ရှူထုတ်ရင်း သူပြန်ဖြေလိုက်တယ်။ သူက လိမ်နေကျမဟုတ်လို့ အပြစ်ရှိသလို ခံစားရတာအမှန်။
ဒီနေ့က တနင်္ဂနွေ။ ပြီးတော့ Geminiက တစ်နေကုန် သူနဲ့ပဲ အချိန်ကုန်ဖို့ လုပ်ထားတာ။ ဒါပေမယ့် တောင်းဆိုမှုအတုရယ် စိတ်မပါတပါလိမ်ညာမှုတွေရယ်နဲ့ Gemini သူ့ကိုသွားခွင့်ပေးဖို့ သူလုပ်နိုင်ခဲ့တယ်။ ဒီနေ့မနက် သူ နှုတ်ဆက်တဲ့အချိန် တွန့်ချိုးသွားတဲ့ မျက်ခုံးတွေနဲ့ Geminiကို ထားခဲ့ပြီးလေ...
YOU ARE READING
A Romantic Story About Fourth || Myanmar Translation (GeminiFourth ♊4️⃣ FF)
FanfictionCredit to @santhyagatha and @oceansred on Wattpad