သတိပေးချက် : ရိုင်းပြသော စကားလုံးအသုံးအနှုန်းများစွာ ပါနိုင်ပါသည်။ ဖတ်ဖို့အတင်း မတိုက်တွန်းပါ။ မိမိသဘောအရသာ ဖတ်ခြင်းဖြစ်ပြီး ပြဿနာတစ်စုံတစ်ခုရှိခဲ့ပါက ကြိုသတိပေးထားပြီးဖြစ်၍ မူရင်းစာရေးသူ၊remakeလုပ်သူ၊ဘာသာပြန်သူနှင့် လုံး၀မသက်ဆိုင်ကြောင်း၊ characterများသည်လဲ အပြင်မှ ကလေးနှစ်ယောက်နှင့် ပက်သက်မှုလားလားမျှမရှိကြောင်း သတိပြုစေလိုပါသည်။ ဆင်ခြင်ပြီးမှ ဖတ်ဖို့အကြုံပြုပါသည်။
"ပြည့်တန်ဆာကို ပြည့်တန်ဆာလိုပဲ ဆက်ဆံသင့်တယ်!"
Geminiရဲ့ အေးစက်ခြောက်ခြားဖွယ်အသံက အခန်းတစ်ခန်းလုံးကို ပဲ့တင်သံထပ်သွားတယ်။
သူက အင်္ကျီနဲ့ ခါးပတ်ကိုချွတ်ပြီး ကုတင်အောက်ချလိုက်တယ်။ သူ့အကြည့်တွေက အေးစက်နေပြီး သူ့မျက်နှာအနေအထားကလဲ တည်ကြည်နေတယ်။ ဘယ်လောက်တည်ကြည်နေလဲဆို Fourthကိုတောင် လန့်စေတဲ့အထိ။
"ခွန်..နား..ထောင်ပေးပါ" Geminiပုံစံကြောင့် သူရှင်းပြဖို့ကြိုးစားလဲ အောင်မြင်မှာမဟုတ်မှန်းသိနေပေမယ့် သူကြိုးစားကြည့်ချင်သေးတယ်။
Geminiက ဒေါသအရမ်းထွက်နေပြီး ဒေါသကြောင့် တခြားဘာမှမမြင်တော့ဘူးပဲ!
"အင်္ကျီချွတ်လိုက် Fourth!" Geminiက အေးစက်တည်ငြိမ်စွာ ပြောလာတယ်။
"Gemini..." Geminiရဲ့ ခံစားချက်မရှိသလို မျက်နှာအမူအရာနဲ့ ပေးလာတဲ့အမိန့်ကြောင့် သူ ချက်ချင်းပဲ ဖြူဖျော့သွားတယ်။
"သွား...ခွင့်ပေးပါ"
Geminiရဲ့ အသံအနေအထားက ကြောက်ဖို့ကောင်းနေတယ်။ Geminiက သူ့ကို ဒေါသတကြီးအော်လာမယ်ဆိုရင်တောင် သူသတ္တိပိုရှိနိုင်ပါဦးမယ်။ အရမ်းတည်ငြိမ်လွန်းနေတဲ့ယောကျာ်းတွေက ကြောက်ဖို့အကောင်းဆုံးပဲ!
တုန်ယင်စွာဘဲ သူ အင်္ကျီက ကြယ်သီးတွေကို တစ်လုံးချင်း ဖြုတ်မိတယ်။ Geminiကို မျက်နှာငယ်လေးနဲ့ အားကိုးတကြီး ကြည့်မိပေမယ့် Geminiပုံစံက ဘာခံစားချက်မှရှိမနေ။
သူ့အင်္ကျီက ကြယ်သီးတွေ အကုန်ပြုတ်သွားတော့ သူမတ်တပ်ရပ်လိုက်ပြီး ဟနေတဲ့အင်္ကျီကို လက်နဲ့ခပ်တင်းတင်း ပြန်စိထားရင်း ဒူးထောက်လိုက်ပြီး ကုတင်ဘေးက ညှာတာမှုကင်းတဲ့အကြည့်တွေနဲ့ ကြည့်နေတဲ့လူဆီက အသနားခံဖို့ ကြိုးစားမိတယ်။
YOU ARE READING
A Romantic Story About Fourth || Myanmar Translation (GeminiFourth ♊4️⃣ FF)
FanfictionCredit to @santhyagatha and @oceansred on Wattpad