Geminiက အဲ့နောက်ပိုင်းကစပြီး Fourthဘ၀ထဲက ပျောက်သွားတယ်။ Fourthက အခုကွန်ဒိုကိုသွားနေတဲ့ဆေးရုံကားထဲမှာ။
ဒီနေ့ Indyဆေးရုံဆင်းလို့ရပြီလေ...Dunkနဲ့Satangက ကွန်ဒိုမှာ လိုအပ်တာတွေ ပြင်ပေးထားတယ်။ Satangက သူ့ကို ကူညီတဲ့အနေနဲ့ အတူနေပေးဖို့ဆုံးဖြတ်လိုက်ပြီး Dunkကတော့ Indyဆီ တစ်နေ့တစ်ခါလာကြည့်ပေးမယ်တဲ့!
ဒေါက်တာDunkပြောပုံအရ Geminiက ကနေဒါကို အကြာကြီး ခရီးထွက်သွားပြီတဲ့....
အမှန်တရားကိုလက်ခံလိုက်တဲ့အခါ သူ့ရင်ဘတ်က ထပ်ပြီးအောင့်သက်သက်။ သူ Geminiကို တကယ်ပဲ လွမ်းပါတယ်...အများကြီးလွမ်းတယ်! အချစ်က မရည်ရွယ်ဘဲနဲ့လဲ သူ့ဘာသူပေါ်လာတတ်ပုံပါပဲ! သူ့ရင်ဘတ်ထဲမှာ အကြာကြီး နေရာယူထားတဲ့ခံစားချက်က ဘာဆိုတာသူမသိခဲ့ပေမယ့် အခုတော့ သူသိသွားပြီ။ သူလဲ Geminiကို ချစ်နေတာပဲ!
"သူ့ကွန်ဒိုကို ငှားပေးရလောက်တဲ့အထိ မင်းရဲ့ ကြောက်စရာကောင်းတဲ့မျက်နှာထားနဲ့bossက စိတ်ကောင်းရှိမယ်လို့ ကိုယ်မထင်ခဲ့ဘူး" တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်တဲ့Indy။ သူ သိချင်ပါတယ် တကယ်ပဲ ဒီရက်ပိုင်း ဘာကများ ဒီလောက်ထိ Fourthကို မျက်နှာမကောင်းဖြစ်စေတာလဲ?
"အစ်ကို သူ့ကို ဇွတ်ငှားခိုင်းလိုက်တာ!" ရှေ့ခုံက Dunkက ကြောင်နေသေးတဲ့Fourthကိုကြည့်ရင်း ပြောလာတယ်။ "သူက အစ်ကို့အမျိုးသားရဲ့ သူငယ်ချင်းလေ...မင်းက အစ်ကို့အမျိုးသားနဲ့ အက်ဆီးဒန့်တစ်ခုထဲက လူနာဆိုတော့ မင်းကို ဂရုစိုက်ပေးဖို့က အစ်ကို့အတွက် အရေးကြီးတယ်လို့ သူ့ကိုပြောလိုက်တာ အဲ့တာနဲ့ Geminiက ငှားပေးတာ မငှားပေးလဲ အဲ့ကွန်ဒိုကို သူသုံးမှာမှမဟုတ်ဘဲ!" Dunkရဲ့စကားကြောင့် Satangနဲ့ Fourth သက်ပြင်းခိုးချလိုက်မိတယ်။
သူတို့ကွန်ဒိုကို ရောက်တာနဲ့ Fourth Indyကို ဝှီးချဲနဲ့တွန်းရင်း အခန်းထဲ၀င်လိုက်တယ်။ ၀င်၀င်ချင်းမှာပဲ ပိုပျက်သွားရတဲ့သူ့မျက်နှာ။ ကွန်ဒိုတစ်ခုလုံးအနှံ့ အမှတ်တရတွေအပြည့်ပဲ! Geminiနဲ့နှစ်ယောက်တည်း အတူရှိခဲ့တဲ့ညတွေ၊ အတူညစာစားခဲ့ကြတာတွေ၊ အတူ စကားစမြည်ပြောခဲ့ကြတာတွေ။
"ကွန်ဒိုက တကယ်ကောင်းတာပဲ! ကိုယ်တို့အရမ်းကံကောင်းတယ်မလား Fourth? မင်းရဲ့bossက တော်တော်သဘောကောင်းလို့လေ" သူ့ကို လည်ပြန်ကြည့်လာတဲ့ Indyကပြုံးပြရင်း ပြောတော့ သူလဲမျက်နှာမှာ အပြုံးတုတစ်ခု ချိတ်ဆွဲမိတယ်။ သူ တကယ်ခံနိုင်ပါ့မလား? အထူးသဖြင့် အိပ်ခန်းထဲမှာလေ...Geminiက အချိန်တွေတော်တော်များများ အဲ့အခန်းထဲမှာပဲ ကုန်ဆုံးတာမလား? သူ အဲ့အခန်းထဲ မသွားချင်ဘူး!
YOU ARE READING
A Romantic Story About Fourth || Myanmar Translation (GeminiFourth ♊4️⃣ FF)
FanfictionCredit to @santhyagatha and @oceansred on Wattpad