Twelve

892 60 10
                                    

Geminiလက်မောင်းတွေကြားကနေ သူအရမ်းလွမ်းနေခဲ့ရတဲ့Indyရှိရာဆီ မျက်ရည်အပြည့်နဲ့ Fourthပြေးထွက်သွားမိတယ်။

တံခါးပိတ်ထားတဲ့Indyအခန်းရှေ့ အရောက်မှာတော့ သူအသက်ရှူမှန်အောင် ပြန်လုပ်လိုက်တယ်။ Satangက သူ့နောက်မှာပါလာတယ်။

"မ၀င်သွားနဲ့ဦး Fourth! ဒေါက်တာတွေ သူ့အခြေအနေကို သေချာစစ်ဆေးနေတုန်း"

စောင့်ရတာ အရမ်းကြာတယ်လို့ သူထင်မိတယ်။ ဒေါက်တာတွေ ထပ်မစစ်ဆေးခင် Indyကိုတွေ့ဖို့ သူအချိန်ငါးမိနစ်အတိပဲ ရပါတယ်။

အဲ့ဒီ့မျက်၀န်းတွေ သူ့ကို ပြန်ကြည့်လာတဲ့အခါ သူ့ရင်ဘတ်ထဲက တင်းကြပ်မှုကို သူခံစားရတယ်။ အချိန်အကြာကြီးပိတ်ထားတဲ့၊တည်ငြိမ်စွာအိပ်နေခဲ့တဲ့၊သူ့ကိုစောင့်စေတဲ့ မျက်၀န်းတွေက အခုတော့ ပွင့်ပြီး သူ့ကိုကြည့်နေတာ!

"Indy" မျက်ရည်အပြည့်နဲ့ ခံစားချက်မျိုးစုံရောယှက်ပြီး ခေါ်မိတဲ့သူ့အသံအက်အက်။ အခုထိ ဖြူဖျော့စွာ လှဲလျောင်းနေတဲ့ Indyရှိရာ ကုတင်ထောင့်မှာ သူထိုင်လိုက်တယ်။ ပြီးတော့ Indyလက်ကလေးကို နမ်းလိုက်ပြီး ထပ်ငိုမိတာပဲ! "Indy..."

Fourthက ဒီလိုအများကြီးခေါ်ချင်ပြီး သတိရပေးလို့ အရမ်းကျေးဇူးတင်မိတယ်။ သတိရဖို့ အချိန်တွေအများကြီးယူတဲ့Indyကိုလဲ သူစိတ်ကောက်ချင်ပါတယ်။ ဒါပေမယ့် ဒီခံစားချက်တွေအကုန်လုံးက သူ့လည်ချောင်းမှာတင် တစ်ကုန်တယ်။

Indyပါးပေါ်ကိုလဲ မျက်ရည်တွေကျနေတယ်။ သူ့ကို စကားပြောဖို့ လုပ်ပေမယ့်လဲ အဲ့ဒါက အရမ်းခက်ခဲနေပုံပါပဲ။

"ရှူး မင်းစကားမပြောသေးနဲ့ဦး!" အရမ်းကြိုးစားနေတဲ့Indyကို တားတဲ့အနေနဲ့ သူ နူးနူးညံ့ညံ့လေး ပြောလိုက်တယ်။ "ကိုမာ၀င်နေတဲ့နှစ်နှစ်ကျော်အတွင်း မင်းအစာစားနိုင်ဖို့ မင်းလည်ချောင်းထဲကို ပြွန်ထည့်ထားတာ"

Indyသူ့ကို ကြည့်လာတဲ့အခါမှာတော့ သူ Indyမျက်ရည်တွေကို ညင်ညင်သာသာလေး သုတ်ပေးမိတယ်။

"ခဏနေ သူတို့ မင်းကို ထပ်စစ်ဆေးပြီးရင် ပြွန်ကို ထုတ်ပေးလိမ့်မယ် အဲ့ကျမှ စကားပြောနော် အခုတော့ ခေါင်းငြိမ့် ခေါင်းခါပဲလုပ်ပြ ဟုတ်ပြီလား?" ငိုချင်စိတ်ကို သူ ခက်ခက်ခဲခဲ မြိုချရင်း "အခု နောက်ဆုံးတော့ မင်းနိုးလာလို့ ငါတို့ကျေးဇူးတင်သင့်တယ်မလား ဟင်?"

A Romantic Story About Fourth || Myanmar Translation (GeminiFourth ♊4️⃣ FF)Where stories live. Discover now