စွပ်ပြုတ်ကို စိတ်မပါတပါမွှေလိုက်ရင်း မနေ့ကနေ့လည်က သူSatangနဲ့ အပ်ထားခဲ့တဲ့ Indyအကြောင်း Fourthတွေးမိတယ်။ ဒီနေ့လည်တော့ သူIndyဆီ သွားရမယ်! အခြေအနေရော ကောင်းရဲ့လား? နှလုံးထပ်ဖောက်တာမျိုး ဖြစ်နေမှာတော့ မဟုတ်ဘူးမလား?!
စားပွဲတစ်ဖက်မှာ ရှိနေတဲ့ Geminiက Fourthဘာတွေတွေးနေလဲဆိုတာ တကယ်ပဲ သိချင်ပါတယ်။ ဘာလို့ သူ မပျော်တဲ့ပုံပေါက်နေတာလဲ? ကြိုက်တာအတွက် သုံးဖို့ ငွေပမာဏအများကြီး သူရတော့မှာပဲ!
ဒါမှမဟုတ် ငါ့ကိုပေးခဲ့တာအတွက် နောင်တရနေတာများလား? မကောင်းတဲ့အတွေးက ချက်ချင်းပဲ သူ့ဦးနှောက်ထဲ ရောက်လာပါတယ်။ ဘာကသူ့ကို ငါ့ကို ပေးခဲ့တာအတွက် နောင်တရစေတာလဲ!?
Geminiက အံတွေကိုကြိတ်ရင်း..သူဂုဏ်ယူရမှာလေ! Gemini Norawit Titicharoenrakဆိုတဲ့ ငါက လိုချင်တာဘာမဆိုရတဲ့ တအားချမ်းသာတဲ့ မျိုးရိုးမြင့်တွေထဲက တစ်ယောက်ပဲ!
မနေ့ညက သူ့ဆုံးဖြတ်ချက်တွေအကုန်လုံးကို Geminiက ပြန်စဉ်းစားပါတယ်။ ဒါက စွဲလမ်းခြင်း၊ ခဏတာ တပ်မက်ခြင်းမဟုတ်တာကို သူတို့ရဲ့ မနေ့ညနဲ့ ဒီနေ့မနက်က အချစ်မာရသွန်အပြီး Fourthကို ထပ်လိုချင်သေးတဲ့ သူ့ခန္ဓာကိုယ်က ဖော်ပြနေတယ်။ တော်တော်လိုချင်နေသေးတာ! Fourthခန္ဓာကိုယ်နဲ့ ပက်သက်ပြီး ဖြစ်လာတဲ့ သူ့ရမ္မက်တွေက ဖြေဖျောက်ပြီးချိန် နည်းသွားရမှာပေမယ့် ပိုတိုးလာနေတာကြီး! ဘာမှသိပ်မကျွမ်းတဲ့Fourthကို သူ့ဦးနှောက်က သူ့ကို ဘယ်လိုပြုစုရမလဲဆိုတာ သင်ပေးချင်မိတဲ့အထိ။
နောင်တရစွာပဲ သူ့အတွေးတွေကို မုန်းမိတယ်။
သူက အတူအိပ်ရတာ စွဲလမ်းနေတဲ့သူတစ်ယောက်များ ဖြစ်သွားတာလား?
သူတို့စာချုပ်နမူနာအတွက် သူအယုံကြည်ရဆုံး ရှေ့နေတစ်ယောက်ဖြစ်တာကြာပြီဖြစ်တဲ့ Joongဆီက အကြံဉာဏ်မတောင်းခင် အချိန်လေးကို သူက ပြန်စဉ်းစားတယ်။ Joongက ကနေဒါမှာ ပညာတော်သင်ခဲ့တာဖြစ်ပြီး သူနဲ့တွေ့ခဲ့တာလဲ အဲ့မှာပဲ။ နှစ်တွေကြာပြီး ထိုင်းကိုပြန်လာတဲ့အခါ ရှေ့နေတစ်ယောက်အဖြစ် ရပ်တည်လိုက်တဲ့ Joongကို သူ ထိုင်းက ကုမ္ပဏီရဲ့ CEOအဖြစ် သတ်မှတ်ခံရတော့ အလုပ်တွဲလုပ်ဖို့ ဆုံးဖြတ်လိုက်တာ။ Joongကို သူ အစ်ကိုတစ်ယောက်လိုပါ သဘောထားလို့လေ..
YOU ARE READING
A Romantic Story About Fourth || Myanmar Translation (GeminiFourth ♊4️⃣ FF)
FanfictionCredit to @santhyagatha and @oceansred on Wattpad