Fourth အိပ်ပျော်တော့မယ့်အချိန် ဆေးရုံစင်္ကြန်တစ်လျှောက် သူရှိရာဆေးရုံခန်းကို ဦးတည်လာနေတဲ့ ခြေသံတွေရဲ့ ပဲ့တင်မှုကြောင့် ပြန်နိုးလာတယ်။ သူ့မျက်လုံးတွေကိုဖွင့်ကြည့်လိုက်တော့ ဖြေလျှော့ထားတဲ့ နက်တိုင်နဲ့ကိုမှ ရှုပ်ပွနေတဲ့ဆံပင်တွေရယ် ထိတ်လန့်မှုအပြည့်နဲ့မျက်လုံးတွေရယ်နဲ့ Geminiကို တွေ့လိုက်ရတယ်။
ရယ်ချင်တာကို အောင့်ထားပြီး အခန်းကိုလှည့်ပတ်ကြည့်ရင်းက သူလှဲနေတဲ့နေရာကို သတိထားမိသွားတဲ့Geminiကို သူ ကြည့်နေမိတယ်။ သူတို့နှစ်ယောက် အကြည့်တွေဆုံသွားချိန်မှာတော့ ပြုံးလိုက်မိကြတယ်။ အကြည့်ချင်းဆုံတိုင်း သူတို့နှစ်ယောက်ကြား မျှဝေမိတဲ့အပြုံးကတော့ လွန်ခဲ့တဲ့ငါးနှစ် သူတို့မင်္ဂလာဆောင်တဲ့နေ့တုန်းက အပြုံးလိုမျိုး မပြောင်းမလဲပါပဲ!
"ဟူးးးးးးကိုယ် နောက်ကျသွားပြီထင်နေတာ!" ရှုပ်နေတဲ့ဆံပင်ကို ထိုးဖွရင်း Geminiက ဆက်ပြောလာတယ် "မင်း ခွဲစိတ်ခန်း၀င်ရတော့မယ်လို့ သူတို့ပြောလို့လေ ကိုယ် ဒီကိုမလာခင် Geoကို ကျောင်း၀င်ကြိုခဲ့သေးတယ်"
Fourthက ပြုံးပြီး သူ့ရဲ့ ဆူထွက်နေတဲ့ဗိုက်ကလေးကို ငုံ့ကြည့်လိုက်ရင်း "လိုသေးတယ် ဟန်နီ...ဒေါက်တာက ကျွန်တော် ထပ်စောင့်ရဦးမယ်တဲ့!"
သက်ပြင်းချရင်း ကုတင်ဘေးမှာ ၀င်ထိုင်လာတဲ့Geminiက သူ့လက်လေးကို ကိုင်လာပြီး "ကိုယ် စိတ်ပူနေတာ!" သူ့ကို စိုးရိမ်နေတဲ့မျက်လုံးတွေနဲ့ကြည့်လိုက်ကာ "ဘယ်လိုနေလဲ အချစ်ကလေး? အရမ်းနာနေလား? နေရတာ သက်တောင့်သက်သာဖြစ်ရဲ့လား?"
Fourthက Geminiလက်ကို ညှစ်ရင်း ခေါင်းငြိမ့်ပြတယ်။ ပြီးတော့ တစ်ခုခုကို သတိရသွားသလို သူ့နောက်ကို ကြည့်လာရင်း "Geoရော?"
ပြုံးပြီး Geminiလဲ တံခါးဘက်ကို ကြည့်လိုက်မိတယ်။ "ထုံးစံအတိုင်း စောင့်တဲ့နေရာမှာတင် ကျန်ခဲ့တယ်လေ နာ့စ်တွေက သူ့ကို ဝိုင်းချစ်နေကြတာများ သူ့အနားမှာအကုန်ဝိုင်းလို့...အဲ့ကလေးလေး ငယ်ငယ်လေးပဲရှိသေးတာတောင် ကောင်မလေးတွေ အာရုံစိုက်တာခံရလို့ ပျော်တတ်နေပြီ" ပြောရင်း တွန့်ချိုးသွားတဲ့ Geminiမျက်ခုံးတွေကြောင့် Fourthက သဘောကျပြီး ရယ်တယ်။
YOU ARE READING
A Romantic Story About Fourth || Myanmar Translation (GeminiFourth ♊4️⃣ FF)
FanfictionCredit to @santhyagatha and @oceansred on Wattpad