ဘာလို့ ထီးလေးပြန်ပေးဖို့အတွက်နဲ့ တွေ့ဖို့ခေါ်တာလဲ? အတွင်းရေးမှူးကတစ်ဆင့် ပြန်ပေးခိုင်းတာဖြစ်ဖြစ် ဠာနထဲက အငယ်ဆုံး၀န်ထမ်းကို လာယူခိုင်းတာဖြစ်ဖြစ် လုပ်လို့ရရဲ့သားနဲ့! ပြီးတော့ CEOက အရမ်းအလုပ်များတတ်တဲ့သူဆိုတာ သူ သိတယ်..
Geminiက တစ်နေ့ကို နာရီ၂၀လောက် အလုပ်လုပ်တဲ့ အလုပ်ရူးတစ်ယောက်ဆိုတဲ့ ကောလဟာလတွေတောင် ကြားသေး...
ဒါမှမဟုတ် ဘာလို့ ထီးကို ဒီတိုင်း လွှတ်မပစ်လိုက်တာလဲ? ငါ သူ့ကို ရန်တွေ့ရဲမှာလည်း မဟုတ်တဲ့ဟာပဲ! သူတို့ CEOရဲ့ အထပ်လို့တောင်ပြောလို့ရတဲ့ 12ထပ်ကိုတက်နေတဲ့ ဓာတ်လှေကားထဲမှာ Fourthအတွေးများနေပါတယ်။ ဒါက ဒီအခန်းကို သူလာရတဲ့နှစ်ကြိမ်မြောက်ပဲ! သူ ဒီမှာအလုပ်လုပ်လာတဲ့ နှစ်နှစ်အတွင်း ဘယ်အထက်အရာရှိကြီးကြီးနဲ့မှ သူ ထိပ်တိုက်မတွေ့ခဲ့ဖူးပေမယ့် အခုတော့ နှစ်ရက်ဆက်တိုက် CEOခေါ်လို့ လာနေရပြီ!
ဓာတ်လှေကားက ခမ်းနားတဲ့ အခန်းရှေ့မှာ ပွင့်သွားတယ်။ ခက်ထန်ပြီး ဘာမဆို စွမ်းဆောင်နိုင်မယ့်ပုံရှိတဲ့ မပြောင်းလဲတဲ့ အသက်လတ်ပိုင်း အမျိုးသမီး အတွင်းရေးမှူးက သူ့ကို စူးစမ်းတဲ့အကြည့်တွေနဲ့ ကြည့်လာတယ်။ သူ့လို သာမာန်၀န်ထမ်းတစ်ယောက်က ဘာလို့ CEOကိုတွေ့ဖို့ နှစ်ခါတောင် ခေါ်ခံရသလဲဆိုတဲ့ အကြည့်တွေနဲ့ပေါ့။ သူသိသလောက်ဆိုရင် ခွန်Geminiက သူတို့ကုမ္ပဏီရဲ့ အရေးကြီးတဲ့ အစည်းအဝေးတွေမှာတောင် ဘုတ်အဖွဲ့၀င် ဒါရိုက်တာတွေ၊ မန်နေဂျာတွေ၊ ဠာနမှူးတွေလောက်နဲ့ပဲ အဆက်အဆံလုပ်တာ!
"ခွန်Gemini အထဲမှာ စောင့်နေတယ်။ ရောက်နေတာကိုလဲ အကြောင်းကြားပြီးပြီမို့ အထဲကို ချက်ချင်း၀င်လာခဲ့တဲ့" အတွင်းရေးမှူးက အေးစက်စက်လေသံနဲ့ ပြောလာတယ်။
---
ဘာလို့ မြန်မြန်ရုံးခန်းထဲကို ပြန်လာသင့်လဲဆိုတာ သတိရသွားတဲ့နောက်မှာတော့ Geminiက အရေးကြီးတဲ့ အစည်းအဝေးပြီးတာနဲ့ ရုံးခန်းထဲကို တန်းလာပြီး Fourthတို့ မန်နေဂျာကို ဖုန်းဆက်ကာ Fourth နောက်ကျရတဲ့ အကြောင်းပြချက်ကို အသိပေးခဲ့တယ်။ Fourthရဲ့ မန်နေဂျာကတော့ နောက်ကျတာကို အရေးတစ်စက်မှ မစိုက်တော့တဲ့အထိ သူ့ရဲ့ ဖုန်းခေါ်လာမှုအပေါ် စိတ်လှုပ်ရှားပျော်ရွှင်နေခဲ့တယ်လေ...
YOU ARE READING
A Romantic Story About Fourth || Myanmar Translation (GeminiFourth ♊4️⃣ FF)
FanfictionCredit to @santhyagatha and @oceansred on Wattpad