အနာဂတ်အကြောင်းလေး

919 11 0
                                    


လူကြီးနဲ့ လက်ထပ်ပြီးအတူနေတဲ့အခါ

ဒီလူကြီးရဲ့ ‌နေရပ်ဌာနီဖြစ်တဲ့ ကလောမြို့လေးမှာ အခြေချမယ်

မနက်တိုင်း ထိုလူကြီးအတွက် ကော်ဖီဖျော်ပေးမယ်

နေ့လည်တိုင်း ထိုလူကြီးနဲ့အတူ စာအုပ်တွေဖတ်မယ် ထိုလူကြီး လပ်တော့တစ်လုံးနဲ့ အလုပ်တွေရှုပ်နေတဲ့အချိန်တွေကျရင် ထိုလူကြီးရဲ့ရင်ခွင်ထဲ တိုးဝင်ပြီး ချွဲမယ်...

ညနေတိုင်း နေဝင်ချိန်ကို အိမ်အပေါ်ထပ်ရဲ့ပြတင်းပေါက်နေအတူကြည့်မယ် အဲ့ဒီလူကြီးကို တင်းကျပ်စွာဖက်ထားရင်းနဲ့ပေါ့

ညဘက်တိုင်း ထိုလူကြီးရဲ့ရင်ခွင်ထဲကနေ အနာဂတ်အကြောင်းတွေ၊ မကျေနပ်ချက်လေးကို ပြန်တိုင်ပြောပြီးရင်ဖွင့်မယ်...

အိုး လောကကြီးရယ် ဒီလူကြီးဟာ ကျွန်မတစ်‌ယောက်ထဲရဲ့အပိုင်...

#Kharr

15. May. 2023

ကြည်နူးရပါသောအခိုက်အတန့်များWhere stories live. Discover now