bitter but sweeter ( end )

104 3 0
                                    

နဂိုထဲကရောဂါအခံတွေကရှိတော့ သူအိပ်ရာထဲလဲသွားပြီဆို သေချာကိုအနားမှာနေပြီးပြုစုရတော့တာပဲ။

ဒီနေ့ ကျွန်မနေ့လည်ဘက်ကြီးရောက်သွားတော့...

ကျွန်မကိုမြင်မြင်ချင်း

သူငိုတော့တာပဲ။

ကျွန်မမှာရင်ထဲနင့်ခနဲ့။

သူက ကျွန်မကိုမြင်တာနဲ့ အိပ်ရာထဲကနေလက်ကလေးတွေကိုဆန့်ပြီး အလွမ်းနာအရမ်းကျနေတဲ့မျက်ဝန်းတွေနဲ့ကြည့်နေခဲ့တာ။ နောက်ပြီး ‌ကျွန်မရင်ခွင်ထဲဝင်ပြီး ငိုတော့တာပဲလေ။

ဘယ်လောက်ပဲ ဒီလူကြီးကိုစိတ်ဆိုး၊စိတ်ကောက်နေပါစေ။ ရှင်းရှင်းပြောရရင် မုန်းနေရင်တောင် ဒီလူကြီးသာ အခုလိုဝမ်းနည်းပလက်နဲ့ငိုရင် ကျွန်မမှာသူ့ကို မုန်းနေတာတွေတောင် မြူမှုန်တွေလိုလေထဲလွင့်သွားရတယ်။

ဒီလူကြီးငို‌နေတာတော်တော်နဲ့မရပ်ဘူး။ သူဘယ်လောက်ဝမ်းနည်းနေလဲသိသာတယ်။ တော်တော်ကြာအောင်ငိုနေတာ။ ကျွန်မအငိုရပ်‌ဖို့ပြောနေပြီး ခေါင်းလေးဖွဖွပွတ်ပေး ကျောပြင်ကိုပွတ်ပေးနေ‌တာတောင်အငိုမရပ်ခဲ့ဘူး။

လုံးဝကိုအရှိုက်ကြီးတငင်ငိုနေခဲ့တာ။ ကျွန်မမှာ သူနှလုံးထဖောက်မှာဆိုးလို့ နှစ်သိမ့်စကားတွေအမျိုးစုံကြိုးခုန်ပြောပေမယ့် မရခဲ့ဘူး။

တော်တော်လေးကြာ အသံနည်းနည်းတိုးသွားမှကိုယ်လည်းစိုးရိမ်ပြီး ခေါင်းငုံ့ကြည့်လိုက်တော့ မျက်လုံးရွှဲကြီးတွေကနီပြီးမို့လို့။

ကျွန်မသူ့ကိုမြင်လိုက်ရချင်း ဘယ်လောက်ရင်နာလိုက်ရလဲဆိုတာ ကျွန်မအသိဆုံးပဲ။ အတူနေလာတဲ့တစ်လျှောက်မှာ အကြာကြီးနဲ့အရမ်းကိုဝမ်းနည်းပြီးရှိုက်ကြီးတစ်ငင်ငိုတာဆိုလို့ ဒီတစ်ခါပဲရှိတာကိုး။

ခဏနေတော့ ခေါင်းထောင်လာပြီး ကျွန်မကိုသူ့ရင်ခွင်ထဲဆွဲထည့်ပြီး ငြိမ်"လေးနေနေတယ်။ ဘာစကားမှကိုမပြောပဲလေ။ ထိုသူ့ရဲ့မျက်လုံးနီနီကြီးတွေသာမရှိရင် ခုနကသူငိုထားတယ်လို့ပြောရင် ဘယ်သူမှယုံမယ်မထင်ဘူးကွယ်။

ခုနကအရမ်းငိုလိုက်လို့ထင်တယ်။ ကျွန်မသူ့ရင်ခွင်ထဲမှာ ငြိမ်"လေးနေနေရင်း ကိုယ်အပူရှိန်တွေက တစ်ဖြည်းဖြည်းမြင့်လာတာကို ခံစားမိလာတယ်။ နောက်ပြီးသူက ကျွန်မဆံပင်တွေကိုခပ်ပွပွနမ်းနေတော့ ဒီလူကြီးရဲ့အဖျားငွေ့"ကိုပိုခံစားလို့ရတယ်။

ကြည်နူးရပါသောအခိုက်အတန့်များWhere stories live. Discover now