မိုးရာသီရဲ့ ညနေတစ်ခုမှာ
ဆယ်ကျော်သက်အရွယ်ရှိ မိန်းကလေးတစ်ဦးဟာ
သူမ၏ သက်ဆိုင်သူအမျိုးသားကြီးဟာ သူမ၏အပိုင်ဖြစ်လာစေဖို့
သူမ၏အနားသို့ ထိုအမျိုးသားကြီးရောက်လာစေဖို့
မိုးတိမ်ကြီးများအား စကားလှမ်းပါးခိုင်းနေလေသည်...။
#Kharr
မိုးအုံ့နေသော နေ့ရက်တွေကို ကျွန်မဟာ နှစ်ခြိုက်သည်။
မိုးရာသီကို သဘောကျလာသည့်အစသည် ထိုအမျိုးသားကြီးကြောင့်သာ
စက်တင်ဘာလအစရဲ့ မိုးအုံ့နေတဲ့နေ့ရက်တစ်ရက်မှာ ကျွန်မဟာ ကျွန်မရဲ့နှလုံးအနက်ရှိုင်းဆုံးတစ်နေရာ တစ်နေရာတွင်
တစ်သက်လုံးငြှိတွယ်ကာ တည်ရှိသွားမည်ဖြစ်သော လူကြီးတစ်ယောက်နှင့် ဆုံတွေ့မိသည်...။
#Kharr
မြင်မြင်ချင်းအချစ်ဆိုတာ အမှန်တကယ်တည်ရှိကြောင်းကို
ကျွန်မဟာ ထိုလူကြီးနဲ့မှ စတင်သိရှိခဲ့ရသည်။
ဆယ်ကျော်သက်မို့ တစ်ခဏတာ စိတ်ရိုင်ခဲ့တာလို့ တစ်ထစ်ချယုံကြည်ထားခဲ့ပေမယ့်
ထိုလူကြီးဟာ အဲ့ဒီနေ့ထဲကမှစတင်၍ ကျွန်မ၏နှလုံးတစ်ခုလုံးအား သိမ်းပိုက်သွားသည်မှာ
ယခုထိတိုင်သာ....။
အစကထင်မိတာက
အဲ့အမျိုးသားကို တစ်ခဏတာစိတ်ယိုင်မိတာလို့ပဲ
အသက်ရွယ်ကြီးလာတာနဲ့ အမျှ အလုပ်တွေရှုပ်လာတာနဲ့အမျှ
သူ့ကို မေ့သွားမယ်ဆိုပြီးထင်ခဲ့တာ ဒါပေမယ့် ဒါတွေဟာ ပြောင်းပြန်သာ...။
#Kharr
တကယ်ပါ
အချိန်ကြာလာတာနဲ့အမျှ
ထိုလူကြီးက ကျွန်မ နှလုံးသားထဲမှာ
သစ်ပင်တစ်ပင်လို အမြစ်တွယ်သွားခဲ့တာပဲ...။
#Kharr
အိုးး မြတ်စွာဘုရားရှင်
တပည့်တော်မ ထိုအမျိုးသားကြီးအား မဆုံးရှုံးရပါစေနှင့်
#Kharr
______
စာတိုပါ ချန်နယ်မှာ တင်ထားခဲ့ပေမယ့် ပြန်ကြည့်ချင်ရင် ကြည့်ရအောင် ဒီမှာ စုထားတာပါ
YOU ARE READING
ကြည်နူးရပါသောအခိုက်အတန့်များ
Fiksi Remajaညတိုင်း ခင်ဗျားအကြောင်းတွေ စာစီတတ်တာ သိတယ်မဟုတ်လား...။ ( ဒါကတော့ He came to me when I needed someone ဆိုတဲ့ fic ထဲကနေပြီး ထုတ်ယူထားတဲ့ { အပိုင်းအနည်းငယ် }အမှတ်တမဲ့ကစ အမှတ်တရအကြောင်း အရာတွေကို ရေးဖွဲ့သွားမှာဖြစ်ပြီးတော့ ဒီ အကြောင်းအရာလေးတွေကတော့ Neve...