Old Love ဆိုတဲ့ သီချင်းကို ရှင်တို့သိကြမယ်ထင်တယ်။
အဲ့ဒီသီချင်းလေးက ကျွန်မအတွက်အမှတ်တရတွေအများကြီးရှိတယ်။ အဲ့ဒီသီချင်းကို ကျွန်မဘယ်လိုသိလဲဆိုတော့ ကျွန်မရဲ့သူငယ်ချင်းတစ်ယောက်ကြောင့်ပေါ့။
အဲ့ဒီအချိန်တုန်းက သူမကသူမရဲ့ချစ်ရသူနဲ့ ကျွန်မကတော့ အမျိုးသားကြီးကိုဂျောင်လေးထဲထည့်ထားတုန်းပေါ့ကွယ်။
ရှင်း"ပြောရမယ်ဆို အဲ့ဒီအချိန်တုန်းက September 2022! အမှန်ဆို အဲ့ဒီအချိန်တုန်းက အမျိုးသားကြီးကနဲ့တွေ့တာ ၁နှစ်ပြည့်ပေါ့လေ။ ဒါပေမဲ့ အဲ့ဒီတုန်းက ကိုယ်ကသူ့ဘက်ကိုငဲ့မကြည့်ခဲ့ဘူးလေ။
ထားပါတော့။ အဲ့ဒီအချိန်တုန်းက သူငယ်ချင်းနဲ့စကားပြောနေတုန်း သူကလည်းသူ့ကောင်လေးနဲ့ဆိုတော့ သီချင်းနားထောင်ကြမယ်ပေါ့။ ကိုယ်ကလည်းပျင်းနေတော့ အင်းပေါ့။
ကိုယ်နဲ့သူက ခင်တာမကြာသေးပေမဲ့ နှစ်ယောက်ကအကြိုက်တူကြတော့ သူလည်းအဲ့ဒီ old Love ကိုဖွင့်တော့ ကိုယ်ကလည်းကြိုက်သွားတယ်ပဲထားပါတော့။
မှတ်မိသေးတယ်။ မိုးရာသီပီပီ မိုးတွေကသဲကြီးမဲကြီးရွာနေခဲ့တာ။ အဲ့ဒီတုန်းက ရည်းစားဦးနဲ့ပေါ့လေ။ ကိုယ်တွေက ကိုယ့်ဘက်ကစချစ်တဲ့သူဆို အချစ်ရေးကံမကောင်းဘူး။
အဲ့တုန်းကသူကပစ်ထားတော့ ဒီသီချင်းကနားသာထောင်ရတယ်။ ဘယ်သူ့အတွက်နားထောင်လို့ထောင်ရမှန်းမသိ။ ဒါပေမဲ့ သီချင်းတွေကအမှတ်တရတွေကို သိမ်းဆည်းထားမြဲပဲ။
ထားပါတော့။ နောက်တော့ ကျွန်မရည်းစားဦးနဲ့လမ်းခွဲခဲ့တယ်။
December 2022...!
Ofc, Those days...!
ကျွန်မအဲ့ဒီနေ့က one direction ရဲ့ strong ဆိုတဲ့သီချင်းကိုနားထောင်နေခဲ့တာ။ အဲ့ဒီအချိန်မှာမှ ကျွန်မသတိထားမိခဲ့တာက...
ကျွန်မရဲ့အမျိုးသားကြီး...။
ကျွန်မစိတ်ထဲမှာ ဝမ်းနည်း၊ဝမ်းသာပဲ။ အဲ့ဒီတုန်းက ကျွန်မမှာရွေးချယ်စရာ၂ခုရှိခဲ့တယ်။ တစ်ဖက်က ကျွန်မချစ်ရတဲ့သူ တစ်နည်းအားဖြင့် ကျွန်မအချစ်ဦး...။ တစ်ဖက်က ကျွန်မကိုသိပ်ချစ်တဲ့အမျိုးသားကြီး...။
YOU ARE READING
ကြည်နူးရပါသောအခိုက်အတန့်များ
Teen Fictionညတိုင်း ခင်ဗျားအကြောင်းတွေ စာစီတတ်တာ သိတယ်မဟုတ်လား...။ ( ဒါကတော့ He came to me when I needed someone ဆိုတဲ့ fic ထဲကနေပြီး ထုတ်ယူထားတဲ့ { အပိုင်းအနည်းငယ် }အမှတ်တမဲ့ကစ အမှတ်တရအကြောင်း အရာတွေကို ရေးဖွဲ့သွားမှာဖြစ်ပြီးတော့ ဒီ အကြောင်းအရာလေးတွေကတော့ Neve...