ကျေးလတ်တို့၊ တောင်ပေါ်မြို့တို့ဆိုတာ ကျွန်မအရင်ကလုံးဝစိတ်မဝင်စားတဲ့နေရာ...။မြို့ပြမှာနေသူပီပီ city lights တွေကြားထဲပဲ ပျော်မွေ့နေခဲ့တာ။
တစ်ခါတစ်လေ အဖေ့အလုပ်ကိစ္စနဲ့ ကရင်ပြည်နယ်ဘက်သွားရရင်တောင် တိတ်ဆိတ်ငြိမ်သက်လွန်းတဲ့ခံစားချက်တွေကို လုံးဝမကြိုက်တာမို့ ၂ရက်လောက်နေပြီးရင် ရန်ကုန်ပြန်ဖို့ ဖင်တကြွကြွနဲ့။
သစ်ပင်တွေထူထပ်ပြီး အုံ့ဆိုင်းနေတဲ့အိမ်လေးတွေမြင်ရင်တောင် မြွေတွေတွဲမှာဆိုးလို့ဆိုပြီးကြောက်နေခဲ့သူပေါ့လေ။
အိမ်ထဲပန်းပင်လေးတွေ လိုတာထက်ပိုများနေခဲ့ရင်တောင် ခရုတွဲလို့ တီကောင်တွေတွဲလို့ဆိုပြီး ကြောက်နေတာပေါ့။ နောက်ပြီးစိုစိစိုထိုင်းထိုင်းခံစားချက်တွေကြောင့်လည်းပါတာပေါ့။
ဒါကြောင့် ကျေးလတ်တို့ တောင်ပေါ်ဒေသတို့လို နေရာတွေဆို ပိုလို့တောင်သဘောမကျဘူးလေ။ ည ညဆိုအပြင်ထွက်တတ်တဲ့သူက ဒီနေရာတွေရောက်ရင် စောစောအိပ်ရာဝင်တဲ့ကျေးလတ်ကလူတွေဆီ ရောက်သွားတဲ့အခါ တော်တော်ကိုမှ နေသားမကျခဲ့တာပေါ့လေ။
ဒါပေမဲ့ ဒီအကျင့်တွေအကုန်လုံးက ရှမ်းပြည်နယ်တောင်ပိုင်းက အမျိုးသားကြီးတစ်ယောက်ကြောင့် ပျောက်ကွယ်သွားခဲ့တယ်။
ကျွန်မမှတ်မိသေးတယ်။ အဲ့ဒီနှစ်က 2022 ဒီဇင်ဘာလကြီးလေ။
ကျွန်မသိပါသေးတယ်။
ထိုသူ့ကြောင့် အပင်တွေချစ်တတ်လာတာ
ထိုသူ့ကြောင့် ကျေးလတ်နဲ့ တောင်ပေါ်ဒေသကို အင်မတန်မှ မြတ်နိုးခဲ့တာ။
အထူးသဖြင့် ထိုအမျိုးသားကြီးရဲ့ နေရပ်ဌာနေဖြစ်တဲ့ ကလောမြို့လေး...။ ဒီကလောမြို့လေးက ကျွန်မရဲ့အချစ်တွေကို အသစ်တစ်ဖန်ပြန်လည်ပေါက်ဖွားအောင် လုပ်ပေးခဲ့တာ...။
တကယ်ပါ။ ဒီအမျိုးသားကြီးက ကျွန်မမုန်းတဲ့အရာသေးသေးလေးတွေကအစ အကြီးကြီးတွေကအဆုံး ကျွန်မကိုချစ်တတ်လာအောင်သင်ပေးတယ်။
အချစ်စစ်က ကျွန်မကိုချစ်တတ်လာအောင်သင်ပေးလိုက်တာပေါ့။
ဘယ်လောက်ထိတောင်လည်းဆိုရင် အေးချမ်းတိတ်ဆိတ်တဲ့နေရာလေးတွေ လေတိုက်လာတဲ့အခါကြားရတဲ့သစ်ရွက်လေးတွေ သစ်ကိုင်းလေးတွေရဲ့ပွတ်တိုက်သံလေးတွေကြားရင်တောင် ကျွန်မထိုလူကြီးကိုအရမ်းသတိရသွားတတ်တယ်။
၂ယောက်အတူမရှိတဲ့အခါတွေ အပြင်တွေကိုယ်သွားလို့ ပန်းပိစိလေးတွေတွေ့တဲ့အခါ ချက်ချင်းခူးပစ်ပြီး အဲ့ဒီအမျိုးသားကြီးဆီအပြေးသွားပြီးပေးချင်တယ်။
ညနေဘက်ဆို နေဝင်သွားတဲ့ကောင်းကင်ကြီးကိုကြည့်ပြီး ဖုံးကွယ်ထားမိတဲ့ခံစားချက်တွေကို ပုခုံးလေးမှီပြီးပြောပြချင်တယ်။
ညဘက်တွေဆိုရင်လည်း လမင်းကြီးကိုငေးကြည့်ရင်း ဘယ်လောက်ချစ်ခဲ့မိတဲ့အကြောင်းတွေ၊ ဘယ်လောက်တောင်ထပ်ပြီးချစ်နေဦးမှာဆိုတဲ့အကြောင်းတွေအများကြီးဖွင့်ပြောလိုက်ချင်တယ်။
ဆောင်းညတွေမှာ မြောက်အရပ်ကတိုက်လာတဲ့လေအေးအေးတွေကိုခံစားမိတိုင်း ညဘက်ကြီးချက်ချင်းဆုံးဖြတ်ချက်ချခဲ့တဲ့အခိုက်တန့်ကိုလည်း သတိရမိသား...။အဲ့ဒီတုန်းက ဆုံးဖြတ်ချက်ချမိတာအရမ်းမှန်သွားခဲ့တာမို့လေ။ ( I was mention that you can read old love part )
အခုနောက်ပိုင်းကျ သစ်ပင်၊ပန်းပင်လေးတွေနဲ့ပြည့်နေတဲ့ပုံကလေးတွေမြင်ရင်တောင် စိတ်ကအလိုလိုအမျိုးသားကြီးဆီရောက်ရောက်သွားတာဆိုတာ။
အချစ်ဆိုတဲ့အရာလေးကအရမ်းကိုမှချစ်ဖို့ကောင်းတယ်ဆိုတာရှင်တို့သိလား...။ ဒါပေမဲ့ တစ်ခါတလေ ကိုယ်ဖြစ်ချင်တိုင်း မဖြစ်ရတဲ့အခါတွေကြရင်တော့ အရမ်းရင်နာဖို့ကောင်းတယ်...။
1:57Am
Sep 19th 2024
Kharr Loon Khat
YOU ARE READING
ကြည်နူးရပါသောအခိုက်အတန့်များ
Teen Fictionညတိုင်း ခင်ဗျားအကြောင်းတွေ စာစီတတ်တာ သိတယ်မဟုတ်လား...။ ( ဒါကတော့ He came to me when I needed someone ဆိုတဲ့ fic ထဲကနေပြီး ထုတ်ယူထားတဲ့ { အပိုင်းအနည်းငယ် }အမှတ်တမဲ့ကစ အမှတ်တရအကြောင်း အရာတွေကို ရေးဖွဲ့သွားမှာဖြစ်ပြီးတော့ ဒီ အကြောင်းအရာလေးတွေကတော့ Neve...