နှစ်တွေ တစ်နှစ်ပြီးတစ်နှစ်ကုန်ဆုံးသွားပြန်ပြီ...။ကုန်သွားတဲ့အချိန်တွေဟာ တိုတောင်းလွန်းတယ်လို့ထင်မိတယ်
ဒါပေမဲ့ အချိန်တွေကမှ လူကိုမစောင့်နိုင်ပဲ
ဒီအချိန်တွေမှာ တန်ဖိုးရှိစွာအသုံးချတာဖြစ်" ကိုယ်ချစ်ရတဲ့ လူနဲ့အချိန်ကုန်တာဖြစ်" လုပ်ခဲ့မယ်ဆိုရင် အချိန်တွေ၊ နေ့ရက်တွေက တန်ဖိုးရှိကြပါတယ်။
အဲ့လိုပဲ ကျွန်မကလည်း ဒီနှစ်ထဲမှာ ကျွန်မမြတ်နိုးရတဲ့အမျိုးသားကြီးအပါဝင် မိသားစုနဲ့အတူတူ အဖိုးတန်အချိန်လေးတွေကိုဖန်းတီခဲ့ပါတယ်။ အထူးသဖြင့် ကျွန်မအတွက်အရေးပါတဲ့ သူတွေပေါ့!
နှစ်တွေတစ်ဖြည်း"ကုန်ဆုံးသွားတဲ့အခါ ဖန်တီးခဲ့တဲ့အမှတ်တရလေးတွေက တစ်ချိန်ကြရင် အရေးပါလာတတ်တယ်။
နှစ်တွေအများကြီးကြာလာပြီး တစ်နှစ်နဲ့တစ်နှစ်ပြီးဆုံးသွားတဲ့အခါ အသက်တွေလည်း ပိုကြီးလာပြီး အမှတ်တရသေး"လေးကို မေ့သွားမှာစိုးရိမ်မိတယ်။
တစ်ခါတစ်လေ အချို့သေး"မွှား"လေးပေမယ့် တန်ဖိုးရှိတဲ့အမှတ်တရလေးတွေဆို မေ့ထားလိုက်တာများတဲ့အခါ အခြားအရာတွေကိုလည်းမေ့သွားမှာဆိုးမိတယ်။
ဒါပေမဲ့ ဘယ်လောက်ပဲ သေး"မွှား"လေးတွေဖြစ်နေပါစေ။ အဲ့ဒီအခိုက်တန့်လေးတွေမှာ ထိုသူနဲ့သာပတ်သတ်တယ်ဆို ကျွန်မက လုံးဝမမေ့ဘူးလေ။
ဒီနေ့ကလည်း December 31ရက်ဆိုတော့ 2023ရဲ့ နောက်ဆုံးနေ့ဆိုပါတော့လေ။ ကျွန်မအတွက်ကတော့ စိတ်ထဲတစ်မျိုးကြီးပဲဆိုပေမယ့် ဟိုလူကြီးကတော့ အဖက်ပင်မလုပ် ပြက္ခဒိန်ကိုတောင် လှန်ကြည့်တဲ့အမျိုးပင်မဟုတ်နေဘူး။
အင်းလေ...။အသက်က ၃၀ကျော်နေပြီဆိုတော့ သူ့အတွက်တော့ ထူးဆန်းတဲ့အရာမှမဟုတ်တာ။
အခုလည်း နှစ်ကုန်ပြီဆိုတော့ အိမ်မှာ နှစ်ဖက်မိဘတွေစုံနေလေရဲ့။ လူတွေက သူ့အလုပ်ကိုယ်စီလုပ်နေကြပေမယ့် အဲ့ဒီလူကြီးကတော့ ကျွန်မပေါင်ကိုခေါင်းအုံးလုပ်ပြီးအိပ်နေလေရဲ့မို့ မိဘတွေကလည်း ကျွန်မကိုဘာဆိုဘားမှကိုခိုင်းကြပြန်ဘူး။
YOU ARE READING
ကြည်နူးရပါသောအခိုက်အတန့်များ
Teen Fictionညတိုင်း ခင်ဗျားအကြောင်းတွေ စာစီတတ်တာ သိတယ်မဟုတ်လား...။ ( ဒါကတော့ He came to me when I needed someone ဆိုတဲ့ fic ထဲကနေပြီး ထုတ်ယူထားတဲ့ { အပိုင်းအနည်းငယ် }အမှတ်တမဲ့ကစ အမှတ်တရအကြောင်း အရာတွေကို ရေးဖွဲ့သွားမှာဖြစ်ပြီးတော့ ဒီ အကြောင်းအရာလေးတွေကတော့ Neve...