My November

18 0 0
                                    


My November

နိုဝင်ဘာဆိုတဲ့အချိန်တစ်ခါတစ်ခုကိုရောက်လာရင် တော်တော်ပျော်မိတယ်။

မကြာခါမှာရောက်လာတော့မယ့် ဆောင်းရာသီရဲ့အကြိုဆောင်ဦးလေး...။ နေရောင်လေးဖြာကျနေပေမယ့် အေးချမ်းစွာတိုက်ခတ်လျက်ရှိတဲ့ ဆောင်းဦးတို့ရဲ့မြောက်လေ လေပြေလေညှင်းလေး~ အထူးသဖြင့် ကျွန်မနှစ်သက်ရတဲ့ ဒီရာသီ...။

ရန်ကုန်မှာတိုက်အမြင့်များတာမို့ ကိုယ့်ရပ်ဝန်းထဲတိုက်အမြင့်တွေရှိပေမယ့် အိမ်ရှေ့မှာတော့ တိုက်ပုလေးမို့ ကောင်းကင်ကြီးကိုရှင်းလင်းစွာမြင်ရပါရဲ့။

နေ့လည်နေ့ခင်းဆို နေရောင်ဖျဖျဖြာကျနေပြီး ညနေလောက်ဆို လေပြေလေညှင်းလေးကတိုက်နေပြီ။ တိုက်အမြင့်ဆိုတော့ နှစ်လမ်းကျော်ကိုယ်အရင်တက်ခဲ့တဲ့ကျောင်းက ညောင်ပင်ကြီးတွေ၊ တည်ပင်ကြီးတွေရဲ့ အပင်ထိပ်ကအရွက်တွေကို နေရောင်လေးတွေကျနေတာကိုမြင်ရတာ ကျွန်မရဲ့ဆောင်းဦးအတွင်းအနှစ်ခြိုက်ဆုံးပန်းချီလို...။

ကောင်းကင်ပြာပြာအောက် နေလုံးကြီးမရှိပေမယ့်ဖြာကျနေတဲ့နေရောင်ဖျဖျရယ်၊ မကြာခဏတိုက်ခတ်နေတဲ့လေပြေတွေရယ် ပြောပါဦး ‌ဒီဆောင်းအတွက် ကျွန်မမှာလိုအပ်တာများရှိသေးလားလို့...။

ကျွန်မရဲ့နှစ်သက်ရတဲ့ဆောင်းဦးလေးရောက်လာပြီဆို ကျွန်မရဲ့အမျိုးသားကြီးနဲ့ပတ်သတ်တဲ့ချိုမြိန်လွန်းတဲ့အမှတ်တရ‌တွေကိုလည်း တစ်ဖန်ပြန်လည်သတိရလာပြီ...။

လူကြီးနဲ့မှမဟုတ်ပဲ အခြားသောမိသားစုနဲ့အမှတ်တရလေးတွေအများကြီးရှိတဲ့ ဒီနိုဝင်ဘာ...။ အတိတ်မေ့သွားရင်တောင် ဒီအမှတ်တရတွေနဲ့အမျိုးသားကြီးကိုတော့ မမေ့ရအောင် ဘုရားမှာတောင်းဆိုမိတာလည်း အကြိမ်ကြိမ်အခါခါပါပဲ...။

အမျိုးသားကြီးနဲ့အတူတူရှိပြီး အမှတ်တရတွေအများကြီးဖန်တီးနေခဲ့တာ ဒီနိုဝင်ဘာဆို ၃နှစ်ရှိသွားပြီ။

နှစ်သက်ခြင်းအတူတူ ဒီလူကြီးနဲ့အတူရှိနေရတဲ့ နိုဝင်ဘာတွေက ကျွန်မအတွက်ပိုချိုမြိန်လွန်းပြီး ထိုသူမှာလည်း ထပ်ထူ...!

ဆောင်းရာသီက ကျွန်မအတွက်လှပတဲ့အမှတ်တရတွေအများဆုံးဖန်တီးဖြစ်ဆုံးအချိန်နဲ့ ချိုမြိန်တဲ့အမှတ်တရတွေရှိခဲ့ဖူးတဲ့အချိန်ပဲ...။

ဒီ‌ဆောင်း၊ ဒီလူတွေ၊ ဒီအရာတွေ၊ ဒီပတ်ဝန်းကျင် နဲ့ ထိုအမျိုးသားကြီး...။

အချိန်တွေသာပြောင်းလဲသွားပြီးကုန်ဆုံးသွားမယ်။ သူတို့ကျွန်မအနား အမြဲတမ်းမပြောင်းလဲတဲ့တည်ရှိမှုတွေနဲ့ မပြောင်းလဲချစ်မေတ္တာတွေပေးမြဲပေးဆဲ...။

အဓိပ္ပာယ်ရှိနေတဲ့ကျွန်မရဲ့ဘဝမှာ ထိုအမျိုးသားကြီးဝင်ရောက်လာတဲ့အခါ ဒီကျွန်မရဲ့ဘဝက တန်ဆာဆင်လိုက်သလို ပိုပြီးပြည့်စုံသွားခဲ့တယ်။

အဆိုးတစ်လှည့် အကောင်းတစ်လှည့်လူ့ဘဝမှာ ကိုယ့်ကိုပဲအမြဲကြည့်နေပေးပြီး အမြဲခွန်အားတွေပေးရင်း ကိုယ့်အနောက်မှာအမြဲတမ်းရှိနေပေးတဲ့အမျိုးသားကြီးကြောင့်သာ အရာရာကိုကြံ့"ခံနိုင်ပြီး ရှေ့ဆက်နေခဲ့ရတာပါ...။

အကောင်းအဆိုးအတူဝေမျှပေမယ့် တစ်ခါတလေကိုယ့်ဘက်သာတစ်ယောက်တည်း နာကျင်စရာတွေအရမ်းကိုမြိုသိပ်ထားလွန်းပြီး မျက်ရည်အဖြစ်ပြန်ကျ‌မိတဲ့အခါ ထိုအမျိုးသားကြီးက မတူတဲ့ပုံစံအမျိုးမျိုးနဲ့ ကျွန်မကိုခွန်အားတွေပေးပြန်တယ်။

အထူးသဖြင့် လွန်ခဲ့တဲ့၃နှစ်က ဒီလိုနိုဝင်ဘာမှာပေါ့လေ။

ဘာပဲဖြစ်ဖြစ် အခုအထိအနားမှာမပြောင်းလဲသောချစ်မေတ္တာနဲ့ချစ်ခင်ကြင်နာပေးပြီး နွေးထွေးတဲ့ရင်ခွင်တစ်စုံနဲ့ ပွေ့ဖက်ထားမိတဲ့အမျိုးသားကြီးကို တစ်နေ့ထက်တစ်နေ့အချစ်တွေ ပိုတိုးလာမြဲဆိုတာတော့အမှန်။

နေရောင်ခြည်ဖျဖျလေးတွေနဲ့ လေပြေလေအေးလေးတွေတိုက်တတ်တဲ့ ဒီဆောင်း‌ဦး အထူးသဖြင့် ညနေဘက်အချိန်တွေရောက်လာရင် အမျိုးသားကြီးကို သတိရ‌မိတာအမှန်ပါလေ။

တစ်နေ့ထက်တစ်နေ့ဝင်လာတော့မယ့်ဆောင်းရယ်၊ ချမ်းအေးလာတော့မယ့် အအေးဓာတ်လေးတွေကြောင့် ထိုလူကြီးရဲ့ရင်ခွင်ကျယ်ကြီးကိုပိုပြီး လိုအပ်ပြီးလွမ်းရတော့မှာပဲ...။

တစ်ဖြည်းဖြည်းအေးလာတော့မယ့်ရာသီဥတုကြောင့် အမြဲအိပ်ရာထဲလှဲနေရတဲ့အမျိုးသားကြီးကိုတော့ တော်တော်လေးစိတ်ပူမိပါရဲ့...။

ဒါပေမဲ့ ဖျားနေတဲ့လူတစ်ယောက်က ကျွန်မကိုပိုစိုးရိမ်နေလေရဲ့လေ...။

ဘာပဲဖြစ်ဖြစ်ပါလေ

မကြာခင်ဆောင်းရောက်တော့မှာမို့ ကျန်းမာရေးဂရုစိုက်ပါလို့ပြောရင်းနဲ့...။

___

( The ) 4:50 pm

5th November 2024

Kharr Loon Khat

You've reached the end of published parts.

⏰ Last updated: 9 hours ago ⏰

Add this story to your Library to get notified about new parts!

ကြည်နူးရပါသောအခိုက်အတန့်များWhere stories live. Discover now