in Thadingyut

132 4 0
                                    

သီတင်းကျွတ် လပြည့်နေ့မှာပေါ့

အောက်တိုဘာလဆိုတာက အခြားသူတွေအဖို့တော့ မသိပေမယ့် ကျွန်မအဖို့ကတော့ တော်တော်လေးကို တန်ဖိုးထားရတဲ့ လလေးထဲမှာပါတယ်။

သိတဲ့အတိုင်း ဗုဒ္ဓဘာသာလူမျိုးတို့ရဲ့ ဆီမီးပူဇော်ပွဲတို့ လူကြီးမိဘတွေကို ကန်တော့ရတာတို့ မီးရှူးမီးပန်း‌ကစားရတာတို့ကြောင့် ငယ်ငယ်ထဲက နှစ်သက်ရတဲ့ ပွဲတော်တစ်ခုပေါ့ရှင်...။

လပြည့်နေ့ရောက်တိုင်း ဘုရားအတွက် သစ်သီးဆွမ်းကပ်ဖို့ လှလှပပ ပြင်ဆင်ရတာလဲ စိတ်ထဲကလှိုက်"လှဲ" ပါဝင်ချင်တဲ့အရာတစ်ခုပေါ့။

ဒါကြောင့် ကျွန်မဟာ ဘုရားကိုအသီးဆွမ်းတင်ရင် ပြင်ဆင်နေသည်။ ကျွန်မအနောက်ကိုတစ်ကောက်"လိုက်နေတဲ့အမျိုးသားကြီးဟာလည်း မနက်ထဲက ကျွန်မထသည်နှင့် လိုက်ထကာ ကျွန်မအနားမှာပဲကပ်နေသည်။

"ဘာလို့ အခွံခွာနေတာလဲ"

"ပန်းသီးအခွံမခွာတော့ ဘုရားကိုဘယ်လိုဆွမ်းကပ်မှာတုန်း"

"ကိုယ့်ကိုကျတော့ အခွံမခွာပဲကျွေးတယ်လေ"

"အမယ်လေး ကိုတိုင်းမောင်ရယ် တိုင်းထွာနေလိုက်တာ အရှင်ဘုရားအတွက် ဆွမ်းကပ်ပြီးလို့ ပြန်စွန့်ရင် ရှင်ပဲစားရမှာပါ"

မနက်စောစော ဘုရားဆွမ်းကပ်ရန်ပြင်ဆင်သူက ပြင်ဆင် ဆွေမျိုးအပေါင်းသင်းများအတွက် လက်ဆောင်ပေးရန်ပြင်ဆင်သူက ပြင်ဆင်မို့ အိမ်ကြီးထဲ၌ လူများစုံနေတော့သည်။

"လူကြီး ရှင်အရမ်းအားနေရင် ဒီစပျစ်သီးတွေ အလယ်ကခြမ်းပေး"

"စပျစ်သီးကော အခွံမခွာဘူးလား"

"ဟယ် ရှင်မနေ့ညက အိပ်တော့အ‌ကောင်းပါ ကုတင်တိုင်နဲ့ ခေါင်းနဲ့များဆောင့်သွားသေးလား"

"ကိုယ်မနေ့ညကအဆင်ပြေပါတယ်"

" ရှင့်ကိုဘယ်တုန်းက စပျစ်သီးအခွံခွာကျွေးဖူးလဲ"

"ခုနက ပန်းသီးကျအခွံခွာတယ်လေကလေးငယ်"

"တကယ်ကို တိုင်းမောင်ပဲရှင်က" ကျွန်မ ထိုသူ့အား လက်ဖျားတင်မက ခြေဖျားပါ ခါမိသည်။

ကြည်နူးရပါသောအခိုက်အတန့်များWhere stories live. Discover now