"ရား ဒီရှမ်းအဖိုးကြီး""..."
"ခင်ဗျား ကြိုတော့ပြောထားသင့်တယ်မလား"
"..."
"တစ်ခုခုများ ကျန်ခဲ့ရင်ဘယ်လိုလုပ်မလဲ မနက်ဖြန် မနက်ပဲဖြင့် သွားရတော့မယ် အခုည လူအိပ်ချိန်မှ မနက်ဖြန် ခရီးသွားရမယ်နော် ကလေးလို့ပြောစရာလားး"
"ကလေးလေး ဟိုဘီးပေး"
"အားး ပြောတာကို နားလည်းမထောင်ဘူး!"
"ဟင် ကလေးပြောလေ ကိုယ်နားထောင်နေတယ်"
"အာ $#!+#!?@)#!/; "
"ငါ့ကလေးလေးကအရမ်းဆဲတာပဲ"
"အဲ့တော့ $!*($;&"!;*!#?"
"ဟားဟား မဆဲနဲ့တော့ ကိုယ်တို့ အင်္ကျီတွေထည့်ရဦးမယ် ပူတာအိုက ဒီကလောထက်အေးတယ်နော် ကလေးလေး"
"အကုန်ထည့်ပြီးပြီ ရှမ်းအဖိုးကြီးရဲ့"
ယခုဖြစ်နေပုံကတော့ ပူတာအိုမှာရှိသော ကျွန်မယောက်ခမကြီး၏ အသိများဆီသို့အလည်သွားမည်ဖြစ်သည်။ အစက သူတို့သာ သွားမည်ဟုထင်ထားသော်လည်း ကျွန်မတို့ကိုပါ ခေါ်နေကြောင်းကို အိပ်ခါနီး နှစ်ယောက်သား စကားဆက်မိမှ ပြောသော ကျွန်မရှေ့မှာ ပြုံး"လေးဖြင့် ဟိုပစ္စည်းကောက်ထည့် ဒီပစ္စည်း ကောက်ထည့်နေသော ထိုလူကြီးကို ကျွန်မ ပစ်ပေါက်ချင်လာသည်။ သွားမည့်ရက်မှာ နောက်၁ရက် ၂ရက်နေရင်မဟုတ် မနက်ဖြန် မနက်အစောကြီးဖြစ်သည်။
သိသိချင်းပင် ကျွန်မဟာ ထိုသူ့အတွက်နှင့် ကျွန်မအတွက် နွေးထွေးကာ လုံ"ခြုံ"ရှိမည့် အနွေးထည်များအား ထိုလူကြီးအတွက်ဦးစားပေးကာ ထည့်နေမိသည်။ ခဏလေးအတွင်းပဲ ထည့်ပြီးသော်လည်း ဟိုလူကြီးမှာ ကုတင်လေးပေါ်တွင် အထုပ်လေးတွေစီကာ ထုပ်နေသည်။
"ဘီးပေးလေ ကလေးလေးရယ် အဲ့ဘီးမပါရင် ကလေးခေါင်းဖြီးရင် ဆံပင်တွေကျွတ်လိမ့်မယ်"
"ရော့"
ကျွန်မတို့ လင်မယားနှစ်ယောက် ခရီးသွားခါနီးတိုင်း ကျွန်မဟာ ထိုလူကြီးဖို့ဦးစားပေးကာ အင်္ကျီများ လိုအပ်သောအရာများကိုထည့်သည်။ အရေးကြီးတာထိုသူကြီး နွေးထွေးဖို့ပဲလိုတာလေ။ ကျွန်မအတွက်ကသိပ်မလို။ ကျွန်မဟာထိုလူကြီးအတွက်အင်္ကျီထည့်နေပြီး ထိုလူကြီးဟာ ကျွန်မ၏အသုံးအဆောင်ပစ္စည်းများကို စီ"ရီ"ထည့်ဖို့တာဝန်များကိုယူထားသည်။
YOU ARE READING
ကြည်နူးရပါသောအခိုက်အတန့်များ
Novela Juvenilညတိုင်း ခင်ဗျားအကြောင်းတွေ စာစီတတ်တာ သိတယ်မဟုတ်လား...။ ( ဒါကတော့ He came to me when I needed someone ဆိုတဲ့ fic ထဲကနေပြီး ထုတ်ယူထားတဲ့ { အပိုင်းအနည်းငယ် }အမှတ်တမဲ့ကစ အမှတ်တရအကြောင်း အရာတွေကို ရေးဖွဲ့သွားမှာဖြစ်ပြီးတော့ ဒီ အကြောင်းအရာလေးတွေကတော့ Neve...