ရွာသာရွာပါ မိုးငယ်ရယ်

296 5 0
                                    


ရန်ကုန်မြို့ပြရဲ့ လမ်းမများဟာ မိုးရွာပြီးခါစမို့ လမ်းမများထက်‌တွင် မိုးရေစများနှင့် ပြည့်နှက်ကာ တည်ရှိသည်...။

‌တစ်ဆက်တည်း ကောင်းကင်ကြီးကို ကြည့်မိတော့ ဒီလူရင်ထဲ လွမ်းသလိုလို ဆွေးသလိုယောင်...။

အော်... အမျိုးသားကြီးရယ် ကျွန်မနေတဲ့ မြို့မှာတော့ မိုးသားတိမ်တိုက်တွေက များမကြာခင်မှာ ပြိုကျတော့မည့်သယောင်

လူကြီးရှိနေတဲ့ ဌာနေမှာကော အဆင်ပြေရဲ့လား...?

တောင်ပေါ်မြို့မို့ မိုးရွာတဲ့အခါများကြရင် အရင်ကထပ် ပိုကာအေးနေမလား

လူကြီးဟာ ကျန်းမာရေးချူချာသူမို့ မိုးအရမ်းသည်းတဲ့နေ့တွေဆို ဖျားများဖျားနေမလား စိုးရိမ်မိတယ်...။

လူကြီးဖျားတဲ့အခါ နေမကောင်းဖြစ်တဲ့အခါတွေကြရင် ချက်ချင်းပြေးသွားပြီး ပြုစုပေးလိုက်ချင်ပေမယ့် လက်တွေ့မှာတော့ လွယ်ကူမနေခဲ့ပါ...။

တစ်ခါတစ်လေကျတော့ ကျွန်မတွေးမိတယ်...

ထိုသူရဲ့နေရပ်မှာ ရွာမယ့်အစား ဒီမြို့မှာသာ ပိုပြီး ရွာသွန်းလိုက်ပါလား မိုးငယ်ရယ်...။

ချစ်မိသွားတဲ့အခါ အရာရာ ပေးဆပ်ချင်သလို နွေးထွေးမှုတွေကိုလဲ ရယူချင်မိတယ်

ထိုအမျိုးသားကြီးနဲ့ဟာ ဝေးကွာနေပေမယ့် တကယ်တမ်းက ဝေးလျက်နဲ့နီးနေသယောင်မို့

ထိုလူကြီးနဲ့ဘယ်လောက်ပဲ ဝေးနေပါစေ ထိုလူကြီးဟာ ဘေးနားမှာရှိနေတယ်လို့ ခံစားမိတဲ့နေ့ရက်တွေဟာ များစွာ...။

ဒီမိန်းကလေးဟာ အမြဲပျော်ရွှင်စရာဇာတ်လမ်းလေးတွေကိုသာ ရေးတင်ပြီး ပြုံးပျော်ရွှင်နေတယ်လို့ ထင်ချင်ထင်လိမ့်မယ်

သို့သော်

ဒီမိန်းမဟာလည်း ထိုလူကြီးပေးထားဖူးတယ် ဒဏ်ရာများစွာရှိပါတယ်...။

အများဆုံးတစ်လမှာတစ်ခါလောက်တော့ ရင်နာဖို့ကောင်းလွန်းတဲ့ နာကျင်မှုတွေဟာ သူ့အလိုလိုကို ရလာတတ်တယ်...။

ပျော်ရလွန်းရင် ငိုရတယ်မလားရှင်...။

သို့သော် အဆုံးသတ်လေးကိုတော့ ပျော်ရွှင်မှုဖြင့်သာ အဆုံးသတ်ချင်ပါရဲ့ လူကြီးရယ်...။

ဘယ်လောက်ပဲ နာကျင်စရာတွေပေးပါစေ နာကျင်ရလွန်းလို့ မခံစားနိုင်တော့တဲ့အခါ မလိမ်တိုင်းပြောရရင်

ကျွန်မဟာ ထိုလူကြီးကို အသွေးသားထဲကတောင် မုန်းမိပါရဲ့...။

"လူကြီးကို မုန်းမိတယ်"

ဒီစကားကို ကျွန်မ ထိုလူကြီးကို စိတ်ပျက်သွားတဲ့အချိန်အခိုက်တန့်တစ်ခုရောက်ရင်

ဘားမှမစဉ်စား မချင့်ချိန်ပဲပြောခဲ့တဲ့ အခေါက်ပေါင်းဟာမနည်းခဲ့ပေ

ကျွန်မစိတ်ငြိမ်သွားခဲ့တဲ့အခါ ကျွန်မပြန်စဉ်စားကြည့်ရင် ထိုလူကြီးဟာ အမြဲနစ်နာသူသာပါပဲ...။

ဘယ်လောက်ပဲ မုန်းပါတယ် ပြောမိပါစေ

နောက်ကျ စိတ်ငြိမ်သွားတဲ့အခါ ကျွန်မဟာ ဒီလူကြီးရဲ့ ရင်ခွင်ထဲသာ ပြန်ရောက်သွားတာပါပဲ...။

ကျွန်မမှာ ဒီလူကြီး ရင်ခွင်ကနေ အပြီးတိုင်စွန့်ခွာဖို့ အစီစဉ်မရှိပါဘူး...။

တစ်နေ့နဲ့တစ်နေ့ တစ်ပတ်နဲ့တစ်ပတ် တစ်လနဲ့တစ်လ တစ်နှစ်နဲ့တစ်နှစ်ကနေ ကျွန်မဟာ ထိုလူကြီးဆီ သံယောဇဉ်တွေ ငြိတွယ်သမျှငြိတွယ်လာခဲ့တယ်...။

ကျွန်မဟာ ထိုလူကြီးဆီကနေ ရုန်းထွက်မည်မဟုတ်သလို ထိုလူကြီးသာ ထွက်သွားမည်ဆိုလျှင် ကျွန်မဟာ ထိုအမျိုးသားကြီးရဲ့ နှလုံးသားကို ထုတ်ယူသွားမည်...။

________________________________________

#Kharr
#Augustgurl

6.8.2023 ( Sun )

ကြည်နူးရပါသောအခိုက်အတန့်များWhere stories live. Discover now