ကျွန်မတို့က ပြဿနာမတက်ဘူး။ မတက်ရင်လည်း ၆လ ၁နှစ်ကိုငြိမ်နေတာမျိုး။ ဖြစ်လာရင်လည်း တသီကြီးဝင်ချလာတာ။ တကယ်ကို ပင်ပန်းလွန်းလို့လွှတ်ချလိုက်ချင်တာမျိုး။
ပြဿနာတစ်ခုဖြစ်လာရင်
ဘားမှမတွေးချင်ဘူး
ဘားမှမပြောချင်ဘူး
တစ်ခါတစ်လေ ခင်ဗျားအနားကထွက်သွားချင်တယ်။
ဒါပေမဲ့ ဒါတွေက ဘယ်လောက်ထိခံနိုင်မှာမို့လို့လဲရှင်ရယ်
ဒီမိန်းကလေးက ရှင်မပါပဲ ဘယ်တုန်းကဖြတ်သန်းခဲ့ဖူးလဲ...။
အမှန်အတိုင်းပြောရမယ်ဆို
ရှင်မပါတဲ့နေ့တွေတောင်တွေးပြီးခဲ့ပြီ။ ဘဝမှာတစ်ယောက်တည်းဖြတ်သန်းရမယ့်အချိန်တွေဆိုတာရှိပါတယ်။
ဒီအမျိုးသားကြီးရှိမှ၊ အနားမှာနေပေးနေမှ၊ support ပေးနေမှ အဆင်ပြေမယ်ဆိုတဲ့ဘဝကြီးကနေ ရုန်းထွက်ချင်ပါရဲ့...။
ရှင်မရှိတော့တဲ့အချိန်တွေဆို ကျွန်မပြိုလဲသွားမှာကြောက်လွန်းလို့ကို အခုထဲကခံနိုင်ရည်ရှိအောင်လုပ်ထားရုံပါ...။
၃ရက်ပဲ...
၃ရက်ပါပဲ...
ကျွန်မသူ့ လောင်းရိပ်အောက်ကထွက်ခဲ့တယ်။
ဘုရားရယ် ကျွန်မတကယ်ကိုမွန်းကြပ်လွန်းလို့ ငိုလိုက်ချင်တယ်။
ကျွန်မသူမရှိပဲ တကယ်ကိုမနေနိုင်တော့ဘူးလေ။ ဒါပေမဲ့လည်း သူမရှိရင် သေရပါတော့မယ်ဆိုပြီးလည်းမဟုတ်ဘူး။
ပထမရက်
ဒုတိယရက်
တတိယရက်ဆိုပြီး ဖြည်းဖြည်းချင်း အဆင်ပြေလာခဲ့တယ်။
တတိယနေ့မှာ ကျွန်မတစ်ယောက်တည်း ရပ်တည်နေနိုင်တယ်လို့ ခံစားရတယ်။ ဒါတွေကလည်း ကျွန်မတစ်ယောက်တည်းဆို သူ့လောင်းရိပ်အောက်ကထွက်လာတာနဲ့တင် ချက်ချင်းပြိုလဲနိုင်တယ်။
ပြဿနာတစ်ခုဖြစ်လို့ သူ့လောင်းရိပ်ကထွက်လာပြီဆို မျက်နှာကြည့်လိုက်တာနဲ့တင် တန်းသိတဲ့သူငယ်ချင်းတွေက ချက်ချင်းထွေးပွေ့ပေး နှစ်သိမ့်ပေး အကောင်းအဆိုးမျှတွေးပေးတဲ့သူငယ်ချင်းတွေရှိနေလို့သာ ကျွန်မအဆင်ပြေတာပေါ့။
မဟုတ်ရင် အရာရာပြီးပြည့်စုံတဲ့ဘဝမှာ အချစ်ရေးဆိုတဲ့ အရာကပေးတဲ့ ရိုက်ချက်တစ်ခုတည်းနဲ့တင် ကျွန်မပြိုလဲပြီ။
ငယ်ငယ်ကစဉ်းစားမိတယ်။
အချစ်ဆိုတာ ဘာမို့လဲ...?
အချစ်ဆိုတာက ဘာမို့လို့ အရာရာ အဘက်ဘက်ကပြီးပြည့်စုံပါတယ်ဆိုတဲ့သူတွေကိုတောင် ရိုက်ချနိုင်ရတာလဲပေါ့။
ဒါပေမဲ့ တစ်ဖြည်းဖြည်းနဲ့နားလည်လာတာက အချစ်ဆိုတာကလည်း ဘဝရဲ့တစ်စိတ်တစ်ပိုင်းပဲ။
ပညာရေးဖြစ်စေ၊ စီးပွားရေးဖြစ်စေ စတဲ့"အရာတွေရဲ့ အရှေ့မှာအချစ်ရေးဆိုတာကြီးက ရောက်လာတတ်တယ်။
ဥပမာ အလုပ်မှာအဆင်မပြေရင်တောင် သူ့ရဲ့အပြုအရာ၊ အပြောအဆိုလေးတွေကြောင့်နဲ့တင် အဆင်မပြေတဲ့အလုပ်ကြီး ကောက်လုပ်လိုက်တာ အဆင်ပြန်ပြေသွားတယ်တို့ ဘာတို့လေ။ ဒါကတော့ ကျွန်မအမြင်ပေါ့။ ကျွန်မတစ်ယောက်တည်းရဲ့အမြင်ပါ။
ဒီအမျိုးသမီးက ခေါင်းကြောတော့မာသား။ သူမရှိရင် မဖြစ်တဲ့ဘဝကြီးကိုမကြိုက်တာမျိုး။ သူရှိမှ ဘဝကြီး၊ အရာရာတွေကအဆင်ပြေတာမျိုးဆိုသိပ်မုန်းတာ။ ဒါပေမဲ့လည်း 50%လောက်က သူရှိမှဖြစ်နေတာလေ။
ဒါကြောင့်မို့ ပြဿနာတစ်ခါဖြစ်တိုင်း" သေချာတွေးတယ်။ သူ့ဆီကလှည့်ထွက်လာရမလားလို့ သူငယ်ချင်းကိုမေးတိုင်း သူတို့ကအရင်ဆဲလိုက်သေးတာ။ နောက်ပြီးအမြဲလူကြီးဘက်ကလေ။
အင်းလေ။
ဒါ ကျွန်မရဲ့ဘက်က ကျွန်မခံစားချက်တွေလေ။ ဟိုလူကြီးဘက်ကိုမှ မတွေးခဲ့တာပဲ။ သူတို့က ကိုယ်တွေကို သေချာကြည့်နေတော့ ဘယ်သူ၊ ဘယ်အရာကမှားနေတယ်၊ ပိုနေတယ်ဆိုတာသိကြတယ်လေ...။
____
1:14Am
Sat 15th June
Kharr Loon Khat
YOU ARE READING
ကြည်နူးရပါသောအခိုက်အတန့်များ
Teen Fictionညတိုင်း ခင်ဗျားအကြောင်းတွေ စာစီတတ်တာ သိတယ်မဟုတ်လား...။ ( ဒါကတော့ He came to me when I needed someone ဆိုတဲ့ fic ထဲကနေပြီး ထုတ်ယူထားတဲ့ { အပိုင်းအနည်းငယ် }အမှတ်တမဲ့ကစ အမှတ်တရအကြောင်း အရာတွေကို ရေးဖွဲ့သွားမှာဖြစ်ပြီးတော့ ဒီ အကြောင်းအရာလေးတွေကတော့ Neve...