Pt.3

1.4K 187 104
                                    

Seokjin's POV

မတွေ့ချင်သည့်သူနှင့်မှ တည့်တည့်တိုးလာရသောကြောင့် ကိုယ်ရောစိတ်ပါ ပင်ပန်းနေသည့် ဆော့ဂျင်သည် ခြေတွေလက်တွေပင် မသယ်ချင်ရလောက်အောင် ဖြစ်လာကာ ကားငှားပီးသာ အိမ်ပြန်ရန်တွေးပီး ကားလမ်းမရှိရာသို့ သွက်သွက်လျှောက်နေလေသည်...

ထိုစဥ် ရုတ်တရက် ရွာချလာသောမိုးကြောင့် ကားလမ်းတစ်ဖက်မှ အမိုးရှိသည့် မုန့်ဆိုင်လှည်းလေးဆီအပြေး ကားလမ်းပေါ်သူကလည်းအတက်၊ တစ်ဖက်မှလာသောဆိုင်ကယ်နှင့် တိုက်မိမလို ဖြစ်သွားသည်...

တစ်ဖက်ဆိုင်ကယ်မောင်းသူက ဆိုင်ကယ်မောင်း အတော်ကျွမ်းကျင်ပုံရပါသည်၊ သူ့ကိုမထိအောင် တစ်ဖက်သို့ရအောင်ရှောင်သွားပြီး သူပဲအနာခံကာ လျှောတိုက်လှဲချသွားသည်...

သို့ရာတွင် အရမ်းလန့်သွားသောသူကတော့ နေရာတွင်ပင် ပုံလဲကျသွားရသည်...

ထိုဆိုင်ကယ်မောင်းသူက သူ့ဆီပြန်လျှောက်လာတော့ မိုးများက ပိုသည်းလာချေပြီ....

"ဘာဖြစ်သွားသေးလဲ"

သူ့ကိုငုံ့ကြည့်ပြီး မေးလာသည့် ထိုလူ့အသံသည် နားဖျားမှတဆင့် ကျောရိုးထဲကိုပါ စိမ့်၀င်သွားသလို...

သူ့ကိုဘာဖြစ်သွားသေးလဲဟု ခန္ဓာကိုယ်အပေါ်အောက်ကြည့်ကာ စစ်ဆေးနေသည့်ထိုလူသည် သူ၏နှုတ်ခမ်းများဆီသို့ အကြည့်အရောက် ထူးဆန်းစွာဖြင့် ငြိမ်သက်သွားသည်...

သည်းထန်စွာရွာလာသည့် မိုးရေများအောက်တွင် တခဏတော့ စကားမပြောနိုင်ပဲ နှစ်ယောက်စလုံးတိတ်ဆိတ်နေ...

နေပါဦး ထိုလူမျက်ရည်ကျနေတာလား၊ မိုးရေလား...

လျှပ်စီး၀င်းခနဲလက်သွားပြီးနောက် မကြာမီ အကြီးအကျယ် ခြိမ်းလိုက်သောမိုးခြိမ်းသံနှင့်အတူ သူ့နှုတ်ခမ်းများ တဆတ်ဆတ်တုန်နေပြီကို သူသိနေသည်...

ထိုစဥ်..

"အ့.."

ဘာမပြောညာမပြောပဲ သူ့ကို ဒူးခေါက်ကွေးမှလက်လျှို၀င်ကာ ဆတ်ခနဲ ပွေ့ချီ၍ ဆိုင်ကယ်ဆီ‌လျှောက်သွားတော့ သူ ရုတ်တရက်လန့်သွားမိသည်...

𝐊ɪᴍWhere stories live. Discover now