ဆော့ဂျင်ရဲ့အိမ်မှာ ထယ်ယောင်း တစ်ပတ်၇ရက် လာနေသည်ကလွဲပြီး ထူးထူးခြားခြား ဘာမှ မပြောင်းလဲသွား...
သူ ဆော့ဂျင်ကို အလုပ်သွား၊ အလုပ်ပြန် ကြိုပို့လုပ်သည်..
တခါတလေ စိတ်လိုလက်ရရှိရင် စားစရာများ ချက်ထားတတ်သည်။ လက်ရာကတော့အရမ်းမကောင်းပေမဲ့ပေါ့...
ဆော့ဂျင်မှာ သိပ်ချစ်ဖို့ကောင်းတဲ့အကျင့်လေးက ဘာမဆိုအကောင်းမြင်တယ်၊ ချီးကျူးဖို့ ၀န်မလေးဘူး....
ထယ်ယောင်း တခါတလေ လက်တည့်စမ်းပြီးချက်တဲ့ဟင်းတွေ စားလို့အဆင်ပြေရင် ငါ့ထယ်ထယ်လေး တော်လိုက်တာဆိုပြီး ပါးကိုလာလာဆွဲ၊ ချီးကျူးနေရော...
ထယ်ယောင်း မရမက လုပ်ချင်တာမျိုးဆိုလဲ ဘေးကနေ စိတ်ရှည်လက်ရှည် အားပေးနေတာမျိုး.. ဥပမာ ကြက်ဥကြော်ကို အကြော်ဇွန်း၊ တူတွေမသုံးပဲ ဒယ်အိုးထဲမှာတင် ရအောင် လှန်တာမျိုး....
(Tae Tae's flipping the egg by the pan moment)ဆော့ဂျင်နဲ့အတူရှိနေတဲ့ထယ်ယောင်းဆိုတာ မီးလုံးလေးပျက်လို့ လဲနိုင်ရင်ကိုပဲ ဟီးရိုးကြီးကိုဖြစ်လို့...
မင်းမရှိရင် ငါတော့မဖြစ်ပါဘူးဆိုပြီး ခပ်ညည်းညည်းလေးပြောကာ ဆော့ဂျင်က သူ့ရင်ခွင်ထဲ ၀င်ချွဲတဲ့အချိန်တွေဆိုရင် ထယ်ယောင်းတို့များ စကြာ၀ဠာကြီးတစ်ခုလုံးကို အပိုင်စားရထားသလိုမျိုးပေါ့...
သူ့ကို ဒီလိုမျိုးအားကိုးနေလို့ ဆော့ဂျင်ကအရမ်းတွေကို နုနုနွဲ့နွဲ့နဲ့ ဘာမှမလုပ်တတ်တာတော့ မဟုတ်ပြန်ဘူးနော်... အလုပ်တွေကို အိမ်ယူလာပြီးလုပ်နေချိန်၊ အလုပ်နဲ့ပတ်သက်ပြီး ဖုန်းပြောနေရင်၊ ဒါမှမဟုတ် ထယ်ယောင်းမသိတဲ့ ကိစ္စတစ်ခုခုကို သူဦးဆောင်ပြီးလုပ်နေတဲ့အချိန်ဆိုရင် ရုပ်တည်လေးနဲ့ လုပ်သွားတာ ဒေါင့်ကိုစေ့နေရော...
သူက လုပ်တတ်တယ်၊ ဒါပေမဲ့ ထယ်ယောင်းကို တမင် Role တင်ပေးတာမျိုး...
သေချာတာကတော့ ထယ်ယောင်းရဲ့ Appa ပြောပြောနေကျ ထယ်ယောင်းက အသုံးမကျတဲ့ကောင်၊ ဘယ်တော့မှ ဘာမှတတ်မှာမဟုတ်ဘူးဆိုတာကိုတော့ ထယ်ယောင်းသံသယ၀င်စပြုလာပြီ...
![](https://img.wattpad.com/cover/349649813-288-k439288.jpg)
YOU ARE READING
𝐊ɪᴍ
Fanfictionဒီဓါတ်ပုံထဲကောင်လေးကို ရအောင်ရှာ၊ ဘယ်လိုနည်းနဲ့မဆို ခေါ်ခဲ့။ တစ်ခုပဲ မှဲ့တစ်ပေါက်တော့မစွန်းစေနဲ့။ [taejin] Start : 25.10.2023 End :