ထယ်ယောင်း သူ့မျက်ခုံးစပ်ကဒဏ်ရာကိုဆေးထည့်ပေးရင်း အနာစပ်တာသက်သာအောင် လေဖွဖွမှုတ်ပေးနေသောဆော့ဂျင်ကို ကြည့်နေမိသည်...
"O" ပုံစံ နှုတ်ခမ်း၀ိုင်း၀ိုင်းလေးက စိုအိနေတာများ... သူ့အောက်နှုတ်ခမ်းကို ဆေးထည့်ပေးတော့လည်း အာရုံစူးစိုက်နေသည့် မျက်၀န်းညိုလေးတွေ...
သူ့မှာ ဒဏ်ရာတွေက စပ်ရမှာတောင် မစပ်နိုင်၊ ငေးနေရတာ တမေ့တမော...
"ကဲ.. ပြီးပြီ"
သူ့ကို မျက်တောင်မခတ်စတမ်း ငေးကြည့်နေသည့်ထယ်ယောင်းကို ဆော့ဂျင်ခပ်ဆောင့်ဆောင့်လေးပြောကာ ဆေးသေတ္တာကိုသူ့နေရာသူ ပြန်ထားနေသည်...
"ငါတို့ရေစက်ကလည်းနော် အနာတရတွေချည်းပဲ.... မနေ့ညကပဲ ငါဖြစ်တယ်၊ ဟော ခုကျမင်းဖြစ်ပြန်ပြီ"
သူ့နားပြန်လာထိုင်ရင်း ပြောနေသောဆော့ဂျင်...
မဟုတ်ပါဘူး.. ငါတို့ရဲ့ပထမဦးဆုံးတွေ့ဆုံမှုက အရမ်းကို လှပခဲ့ပါတယ်... ဒါပေမဲ့.. ငါ့.. ငါ့ကြောင့် ဒီလောက်တောင် အကြာကြီးဝေးခဲ့ရတယ်...
သူ့ကိုမှတ်မိလားဟု အရဲစွန့်ပြီး မေးမည်အပြုတွင်..
"ဘာလဲ.. ခု ငါ့အိမ်ကို ပြန်အလာမှာ ဖြစ်လာခဲ့တာလား"
"ဟင်"
"ဟုတ်လား... ငါ့ကို ညနေပြန်လာမယ်လို့ ပြောထားလို့ မရမကပြန်လာရင်း လမ်းမှာ accident ဖြစ်လာတာလား"
သူ့ကိုစိုက်ကြည့်ရင်း မရပ်မနားပြောနေသော ဒီကောင်လေးသည် ဘာတွေစားလို့များ ဒီလောက် ချစ်ဖို့ကောင်းနေရတာပါလိမ့်...
ဘဲနှုတ်သီးလေးတထော်ထော်နဲ့ ပြောနေတာများ အသည်းယားစရာ... သူ့သူငယ်ချင်းတွေ သူ့ကို ဘဲပေါက်လို့ ခေါ်တာလည်းမလွန်ဘူး...
သို့ရာတွင် သူ၏ နူးညံ့ပျော်၀င်နေချင်သည့်စိတ်များ ရုတ်တရက် နေထိနှင်းလေးလို ပျောက်သွားရသည်မှာ...
"ငါက ကတိဖျက်တာမုန်းပေမဲ့ မတတ်နိုင်လို့ပျက်သွားတာမျိုးလည်း ရှိနိုင်တော့ နောက်ဆို စိတ်ထဲမှာ အရမ်းကြီးမထားပါနဲ့... မင်းရဲ့ Safety က ပိုအရေးကြီးပါတယ်"

YOU ARE READING
𝐊ɪᴍ
Fanfictionဒီဓါတ်ပုံထဲကောင်လေးကို ရအောင်ရှာ၊ ဘယ်လိုနည်းနဲ့မဆို ခေါ်ခဲ့။ တစ်ခုပဲ မှဲ့တစ်ပေါက်တော့မစွန်းစေနဲ့။ [taejin] Start : 25.10.2023 End :