Pt.18

565 102 85
                                    

"ဂျင်.. ကိုယ် နိုင်ငံခြားကို business trip သွားဖို့ရှိတယ်၊ တစ်ပတ်လောက်.. အဲ့ဒါ ကိုယ်နဲ့လိုက်ခဲ့"

Mr Kimနှင့် ဖုန်းပြောအပြီး ရုတ်တရက်  အရင်းမရှိ၊ အဖျားမရှိ ပြောလာသည့်ထယ်ယောင်းကြောင့်...

"ဟင်.. ငါ ဒီမှာအလုပ်ရှိတယ်လေ"

"ခွင့်ယူလိုက်.. ဒါမှမဟုတ် Work from home တောင်းလိုက်"

ထယ်ယောင်း၏ တိုတိုပြတ်ပြတ်အပြောကြောင့်...

"ဟမ်... ပြောသလောက် မလွယ်ဘူးလေ.. ငါက presentation ပိုင်းတွေပြရင် projector နဲ့သေချာပြပြီး Q&Aတွေကိုလည်း တခါတည်း ရှင်းရမယ်ရော"

"အဲ့ဒါတွေက onlineပေါ်ကနေ video call နဲ့လုပ်လဲရတာပဲလေ"

"အာ.. မတူဘူးလေ၊ လူကြီးတွေလည်းရှိနေတာကို ငါက ထူးပြီးအဲ့လိုလုပ်တော့ မရိုသေရာကျတာပေါ့"

"ဒါပေမဲ့-"

"နေပါဦး.. မင်း business trip သွားတာ ငါက လိုက်ပါပြီတဲ့၊ တနေကုန် မင်းက မင်းဧည့်သည်တွေနဲ့၊ meetingတွေတက်နဲ့ အားမှာမှ မဟုတ်တာ"

"ဂျင်က ဟိုတယ်အခန်းထဲမှာ နေခဲ့လေ..  ကိုယ် meeting လုပ်တဲ့ဟိုတယ်တိုင်းမှာ suite တစ်ခန်းစီငှားပြီး အင်တာနက်၀ိုင်ဖိုင်အပြည့်အစုံ ထားပေးမယ်"

"ဟမ်.. ဒါပေမဲ့ ငါလည်း ငါ့အလုပ်ငါလုပ် ၊ မင်းလည်း မင်းအလုပ်မင်းလုပ်နေမှာကို ညအိပ်ချိန်ပဲ တွေ့မှာလေ။ ညကျတော့လည်း ပင်ပန်းလို့ အိပ်နေကြမှာကို"

ဆော့ဂျင်က နားမလည်နိုင်သလိုပြောတော့...

"မင်း ကိုယ့်နားမှာရှိရင် ရပြီ"

သူ့ကို ခါးထောက်ကြည့်ကာ မရယ်မပြုံးဖြင့် ပြောလာသောထယ်ယောင်းကြောင့် ဆော့ဂျင်မှာ ဘာဆက်ပြောရမည်မှန်းပင် မသိတော့ချေ...

"မင်းမလိုက်ရင် ကိုယ်မသွားတော့ဘူးလို့ Appa ကို ပြောလိုက်မယ်"

"ဟမ်"

မျက်လုံးအပြူးသားဖြင့် သူ့ကို ကြည့်နေသည့်ဆော့ဂျင်ကို ထယ်ယောင်း ပြန်စိုက်ကြည့်နေကာ ခေါင်းထဲမှာလည်း အလုပ်ပေးနေရသည်...

ဆော့ဂျင်သာမလိုက်ရင် သူ့အဖေကို သူဘယ်လိုပြောရမလဲလို့။ သေချာတာတစ်ခုကတော့ ဆော့ဂျင်မလိုက်ရင် သူ လုံး၀သွားမည်မဟုတ်ပေ...

𝐊ɪᴍWhere stories live. Discover now