📱ဆော့ဂျင်လေးက အဲ့ဒီကုမ္မဏီမှာ အလုပ်၀င်တာ ၆လလောက်တော့ရှိပြီတဲ့... ကုမ္မဏီမှာဖြည့်ထားတဲ့လိပ်စာအရ သူ ခုနေ,နေတဲ့တိုက်ခန်းက ငှားနေတာ
📱အင်း
📱အဲ့ဒီတိုက်ခန်းပိုင်ရှင်ကို ဆက်သွယ်ပြီးမေးကြည့်တော့ ဆော့ဂျင်လေး နယ်ကတက်လာပုံပဲတဲ့... ရောက်ခါစကဆို ဘယ်မှမသွားတတ်ဘူးတဲ့.. ခုထိလည်း အိမ်နဲ့အလုပ်ကိုဘတ်စ်ကားနဲ့ပဲ သွားတတ်တယ်တဲ့
📱 ဟုတ်လား.. မိဘတွေရော
📱မိဘတွေတော့ ရှိလောက်တယ်တဲ့...တခါတလေ အိမ်နဲ့ဖုန်းပြောနေတာ ကြားဖူးတယ်တဲ့... အိမ်ထမင်း၊ အိမ်ဟင်း လွမ်းနေတဲ့ပုံမို့အိမ်ရှင်ကတောင် တခါတလေ ဟင်းတွေချက်ပြီး သွားသွားပေးဖြစ်တယ်တဲ့
ဟုတ်မှာပေါ့... တယောက်တည်းနေတယ်လည်းဆိုသေး၊ ဘာမှလည်း မချက်မပြုတ်တတ်တာသာ ကြည့်တော့... ခေါက်ဆွဲတော့ပြုတ်တတ်တယ်ဆိုသား.. ဟက်...
📱ကျန်တာကတော့ သူနဲ့စကားပြောပြီးမှ ဖြည်းဖြည်းချင်းစီ မေးပေါ့... ခုနေ သိတာမှ ၂ရက် ၃ရက်ပဲရှိသေးတာ... အများကြီးသွားမေးရင် သူက ဘာကြီးလဲဟဆိုပြီး ဖြစ်သွားမှာ
📱အင်း.. အဲ့ဒါမို့ သူ့ကိုမမေးပဲ အောင့်ထားတာ... သူ့အကြောင်းသိချင်နေတာ ပြန်စတွေ့တဲ့ ညကတည်းကပဲ
📱သခင်လေး... Ahjussi ထပ်သတိပေးတယ်နော်..သူက သခင်လေး လွယ်လွယ်နဲ့၀ယ်လို့ရတဲ့ အကောင်လေးတွေလို မဟုတ်ဘူး... မိသားစုရှိတယ်.. အဲ့ဒါမို့စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့
📱မလုပ်ပါဘူး... သူကလည်း ကျွန်တော့်ကိုကြောက်မနေဘူး... ကျွန်တော့်ပြောစကားဆိုနားထောင်တယ်... ဒီနေ့ညနေလည်း သူနဲ့ ညစာအတူစားမှာ
အိမ်တော်ထိန်းကြီး ထယ်ယောင်းမသိအောင် သက်ပြင်းမောကို အသာချရင်း..
📱ဒီညတော့ အိမ်ပြန်လာတော့နော် သခင်လေး
📱ဒါပေမဲ့..
📱နောက်ရက်တွေလည်း တွေ့လို့ရနေတာပဲလေသခင်လေးရယ်... မနက်ဆို သူ့ကို သခင်လေးက အလုပ်ကိုလိုက်ပို့ပေါ့.. ညနေအပြန်ကြို၊ညစာစားပြီး ပြန်လာလေနော်
YOU ARE READING
𝐊ɪᴍ
Fanfictionဒီဓါတ်ပုံထဲကောင်လေးကို ရအောင်ရှာ၊ ဘယ်လိုနည်းနဲ့မဆို ခေါ်ခဲ့။ တစ်ခုပဲ မှဲ့တစ်ပေါက်တော့မစွန်းစေနဲ့။ [taejin] Start : 25.10.2023 End :