Pt.16

734 111 155
                                    

ထိုညက ထယ်ယောင်း ဂျင့်တိုက်ခန်းဆီသို့မပြန်ပဲ ဘားတခုသို့သွားကာ အရက်ကိုသာ တခွက်ပြီးတခွက် သောက်နေမိလေသည်...

ဆော့ဂျင်က သူသိပ်မုန်းတဲ့ ကင်မ်နမ်ဂျွန်းနဲ့ပတ်သက်ဖူးလို့ သူကဆော့ဂျင်ကို ရောပြီး စိတ်ဆိုးတာလား၊ ငွေရေးကြေးရေး အရှုပ်အရှက်တွေကြောင့်လား၊ ဒါမှမဟုတ် ဆော့ဂျင်က သူ့ကိုမချစ်ပဲ ဒီတိုင်း လာပတ်သက်နေတယ်လို့ သံသယ၀င်မိလို့များလား...

သေချာတာက သူ စိတ်လွတ်ကိုယ်လွတ် မူးပစ်လိုက်ချင်သည်.... ဆော့ဂျင်ကိုစွန့်လွတ်ဖို့ဆိုတာ သေတောင်မဖြစ်နိုင်သလို ဆော့ဂျင်ကိုမြင်ရင်ရော၊ သူ ဒီသံသယတွေနဲ့ ရှေ့ဆက်တိုးလို့ လွယ်ပါ့မလား...

"ကိုယ့်ကို မချစ်ဘူးလို့မပြောပါနဲ့... မချစ်ရင်တောင် ချစ်တယ်လို့ပဲ ဆက်ညာပေးပါ"

ခေါင်းငိုက်စိုက်ကျသွားသောသူသည် ဗလုံးဗထွေးဖြင့် ရေရွတ်နေဆဲ....

~~~~~~~~~~~××××××××××~~~~~~~~~~~

ကျွတ် ကျွတ် ကျွတ် !!!

အတော်ထိုးကိုက်နေသည့်ခေါင်းကို ထိန်းကိုင်ကာ ထယ်ယောင်း အိပ်ရာထက်မှ ထထိုင်လိုက်သည်... ဘာလို့များ အဲ့လောက်တောင်နေရခက်ပါလိမ့်...

မိနစ်အနည်းငယ်ကြာအောင် ငုတ်တုတ်ထိုင်ပြီး ဘာဖြစ်ခဲ့လဲဆိုတာ ပြန်စဥ်းစားရသည်... သူ မနေ့ညက ဘားတခုမှာသောက်နေခဲ့တာလေ... ခု ဆော့ဂျင်ရဲ့တိုက်ခန်းကို ပြန်ရောက်နေပြီတဲ့လား...

အ၀တ်အစားများလည်း လဲထားသည်မို့ ဆော့ဂျင်က သူ့အ၀တ်တွေကို လဲပေးထားပုံပဲ....

ထိုစဥ် သူ့နားကို ဘယ်တုန်းကရောက်လာမှန်းမသိသည့် ဆော့ဂျင်က...

"နိုးနေပြီပဲ ထယ်... မျက်နှာသစ်ပြီး အပြင်ထွက်ခဲ့... အမူးပြေဟင်းချို ငါ ချက်ထားပေးတယ်"

ထယ်ယောင်း ကြောင်စီစီဖြင့်သာ ဆော့ဂျင်ကိုပြန်ကြည့်နေသေးတော့...

"နေမကောင်းဘူးလား.. ခေါင်းမူးလို့လား"

ထယ်ယောင်း၏နဖူးဆီသို့ ဆော့ဂျင် လက်ဖ၀ါးလေးလာကပ်ကာ စမ်းမည်ပြင်တော့ ထယ်ယောင်း ခေါင်းကိုအနည်းငယ်နောက်ဆုတ်လိုက်သည်...

𝐊ɪᴍWhere stories live. Discover now