"ထယ်... ဒါလေးဘယ်လိုနေလဲ... အရမ်းများ မိုက်သွားမလား.. ၀ါး... ငါ့ကောင်လေးက Assistant Manager ရာထူးလား၊ CEO လားတောင် မသိတော့ဘူး"
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. ခု သူတို့က အနောက်တိုင်း၀တ်စုံတွေ ရောင်းတဲ့ဆိုင်ထဲ ရောက်နေတာ... ထယ်ယောင်းအတွက် ဆော့ဂျင်က ရုံးတက်၀တ်စုံတစ်စုံကောင်းကောင်းလေး လက်ဆောင်၀ယ်ပေးချင်တယ်ဆိုလို့ အတူလာကြည့်နေတာ...
ဆိုင်ကအ၀တ်အစားတွေက စျေးကြီးလွန်းလို့ ထယ်ယောင်းက လက်မခံချင်ပေမဲ့ သူ့ရဲ့ပထမဦးဆုံး အလုပ်ဖြစ်တာမို့ လက်ဆောင်၀ယ်ပေးတဲ့ ၀တ်စုံအသစ်လေးနဲ့ သွားစေချင်တဲ့ဆော့ဂျင်က အတင်းကို လက်ဆွဲခေါ်လာကာ စမ်း၀တ်ကြည့်ခိုင်းနေတာ....
ဒီ၀တ်စုံတစ်စုံထဲကိုပဲ ဆော့ဂျင်ရဲ့လခ တစ်လစာမကရှိသည်... ဒါပေမဲ့ ဆော့ဂျင်ကိုကြည့်တာ နှမြောသည့်ပုံမပေါ်ပေ... ထယ်ယောင်း ဘာပဲ၀တ်ပြီး ထွက်လာထွက်လာ ၊ မျက်လုံးလေးတလက်လက်ဖြင့် တမေ့တမော ကြည့်နေသည်...
သူမြင်နေကျ ထယ်ယောင်းဆိုတာ အမြဲလိုလို အနက်နဲ့ မိုးကာလိုလိုတွေ၊ တီရှပ်တွေပဲ၀တ်ပြီး ဂျလေဘီစတိုင်လေ....
ခုကျတော့ ဆံပင်ပုံစံတွေကအစ နဲနဲ စ,ပြောင်းထားတာမို့ မြင်ရတာ အရင်နဲ့တခြားစီ....
"ငါက အများကြီးတောင် ၀ယ်ပေးချင်တာ... မင်း Appa က လိုလေသေးမရှိအောင် ပြင်ထားပေးပြီးသားဆိုတော့လည်း အဆင်ပြေတာပေါ့... နောက်ရက် ငါ ဗီဒိုအကြီးတစ်လုံး online ကနေ မှာထားတယ်... ခု လက်ရှိ ငါ့အ၀တ်ဗီဒိုက ငါတို့နှစ်ယောက်စာ အ၀တ်မဆန့်လောက်တော့ဘူး"
သူ့အင်္ကျီနောက်ကျောမှ တွန့်ရာသေးသေးကို လက်လေးဖြင့်သပ်ပေးကာ ဆော့ဂျင်တတွတ်တွတ် ပြောနေသည်...

YOU ARE READING
𝐊ɪᴍ
Fanfictionဒီဓါတ်ပုံထဲကောင်လေးကို ရအောင်ရှာ၊ ဘယ်လိုနည်းနဲ့မဆို ခေါ်ခဲ့။ တစ်ခုပဲ မှဲ့တစ်ပေါက်တော့မစွန်းစေနဲ့။ [taejin] Start : 25.10.2023 End :