"ကိုယ် မင်းကိုမျက်နှာသစ်ပေးမယ်"
"Umm... ရပါတယ်.. ငါ ရေစို၀တ်နဲ့သုတ်လိုက်မယ်"
မျက်ခွံထူအမ်းအမ်းလေးအောက်မှ အိပ်မှုန်စုံမွှားမျက်လုံးလေးက သူမျက်နှာသစ်ပေးမယ်လို့လည်း ပြောလိုက်ရော ပြူးထွက်လာတာများ အလန့်တကြား..
"ဘာထူးလဲ.. မင်းရေစို၀တ်နဲ့သုတ်လည်း တဘက်ကို ရေညှစ်ရမှာပဲ... ဒီလက်ချောင်းလေးနဲ့ ဘာမှလုပ်မရဘူး"
လက်ချောင်းထိပ်လေးပဲပေါ်ရုံ စည်းထားပေးသော ပတ်တီးပါးပါးကြောင့် မသိရင်သူ့မှာ accident အကြီးကြီးဖြစ်ထားသလိုလို....
ခဏနေ လက်ဖဝါးကိုပတ်ထားတဲ့ ပတ်တီးကိုဖြည်လိုက်ပြီး ပလတ်စတာ ပြောင်းကပ်မှပါ... ဟင်း..
သူသက်ပြင်းချကာ အရှုံးပေးလိုက်သည်..
ရေချိုးခန်းထဲ တလှုပ်လှုပ်ဖြင့်၀င်သွားသော ထိုကောင်လေးနောက်သို့ ထယ်ယောင်းလိုက်သွားကာ ဘေစင်ရှေ့တွင်ရပ်နေသော သူ့နောက်တွင် ထယ်ယောင်း ၀င်ရပ်လိုက်သည်..
ထို့နောက် ဘေစင်မှ ရေအနည်းငယ်ဖွင့်ချကာ သူ့လက်များကို မြန်မြန်အရင်ဆေးပြီး လက်ခုပ်ထဲရေထည့်ကာ ထိုကောင်လေး၏မျက်နှာလေးကို အသာအယာပွတ်သပ်ရင်း သစ်ပေးလိုက်သည်..
ဆော့ဂျင်ကတော့ မျက်လုံးများကို တင်းတင်းမှိတ်ထားသောကြောင့် သူ့ကို မမှိတ်မသုံစိုက်ကြည့်နေသော ထယ်ယောင်း၏ အကြည့်များကို သတိမထားမိချေ...
ထယ်ယောင်းမှာ သူ့လက်ချောင်းတွေကပဲရှည်တာလား၊ ဒီကောင်လေးကပဲ မျက်နှာသေးတာလားမသိ... သူ့လက်တစ်ခုပ်စာသာသာ ပါးဖောင်းလေးကိုကြည့်ကာ အံ့သြမဆုံးဖြစ်နေသည်..
အချိုးကျလွန်းသည့် မျက်နှာလှလှလေးမှာထူးထူးခြားခြား bread cheek လေးဖြစ်နေသောကြောင့် ဖောင်းတွဲတွဲလေး...
ရေ၀င်မှာစိုးတာကြောင့် နှုတ်ခမ်းလေးကိုပါ တင်းတင်းစေ့ထားသေး... သွေးရောင်လွှမ်းနေသော နှုတ်ခမ်းဖူးဖူးလေးသည် ဆေးလိပ်မသောက်မှန်း သိသာလှသည်... ပန်းရောင်နှင့်အနီရောင်ကြားမှာ စိုလဲ့နေသည်...

YOU ARE READING
𝐊ɪᴍ
Фанфикဒီဓါတ်ပုံထဲကောင်လေးကို ရအောင်ရှာ၊ ဘယ်လိုနည်းနဲ့မဆို ခေါ်ခဲ့။ တစ်ခုပဲ မှဲ့တစ်ပေါက်တော့မစွန်းစေနဲ့။ [taejin] Start : 25.10.2023 End :