Pt.19

540 108 69
                                    

"ဂျင် ကိုယ့်အိမ်မှာလိုက်နေရမယ်"

"ဘယ်လို ဘယ်လို?"

အခု ထယ်ယောင်းက သူနှင့်ဆော့ဂျင်တို့  အတူတည်းနေသည့်ဟိုတယ်ကို ပြန်‌ရောက်နေပြီ...

Korea ကို ပြန်ဖို့ရက်နီးနေပြီမို့ အ၀တ်အစားတချို့ကို ရသလောက်သိမ်းနေသည့်ဆော့ဂျင်အား အတင်းလက်ဆွဲခေါ်လာကာ ကုတင်ပေါ်တွင် မျက်နှာချင်းဆိုင်ထိုင်ရင်း အလျင်စလိုပြောလာသည့်ထယ်ယောင်းကို ဆော့ဂျင် နားမလည်သလို ကြည့်နေမိသည်...

"ဂျင် အလုပ်ကနေလည်း ထွက်လိုက်တော့၊ ကိုယ့်အိမ်မှာပဲနေတော့"

"ခ.. ခဏနေပါဦးထယ်ရယ်... ဘာတွေဖြစ်ကုန်တာလဲ၊ ငါ့ကိုလည်း နားလည်အောင်ပြောပါဦး... ငါက ဘာလို့အလုပ်ထွက်ရမှာတုန်း"

သူပြောတာကို မငြင်းမဆန်ပဲ နားထောင်လေ့ရှိသည့်ဆော့ဂျင်မို့ ဒီတခါလည်း မြန်မြန်ဆန်ဆန်ပင် ပြောလို့ရမည်ဟု တထစ်ချယုံကြည်ထားသည့်ထယ်ယောင်း၊ ရုတ်တရက် ဆော့ဂျင်က ထိုသို့ပြန်မေးလိုက်တော့ မျက်မှောင်ကျုံ့လာသည်...

"ဘာလို့မထွက်ချင်တာလဲ၊ ပြီးတော့ ဘာလို့ကိုယ့်အိမ်မှာ မနေချင်တာလဲ"

ဆော့ဂျင်၏လက်ဖ၀ါးလေးများကို ကိုင်ထားရာမှ လက်မောင်းနှစ်ဖက်ကို ပြောင်းဆုပ်ကိုင်ကာမေးတော့...

"မဟုတ်သေးဘူးလေ ထယ်ရယ်... မင်းဟာက အရင်းမရှိ အဖျားမရှိ၊ ငါနားလည်အောင်လည်း ပြောပါဦး"

"ဂျင် အရင်က ကိုယ်ပြောရင်နားထောင်ပါတယ်၊ ခုဘာလို့ အများကြီးတွေပြောရအောင် လုပ်တာလဲ၊ ဘာလို့လဲ"

ဆော့ဂျင်၏လက်မောင်းနှစ်ဖက်ကို ဆုပ်ကိုင်ထားသည့် ထယ်ယောင်း၏လက်များ  အနည်းငယ် တင်းကျပ်လာသလို အမြဲကြားနေကျ သြရှရှအသံက အေးစက်လို့နေသည်...

"ထယ်.. ဘာဖြစ်လာတာလဲ၊ ဘယ်သူနဲ့ ဘာဖြစ်လာလို့လဲ"

ထယ်ယောင်း၏ မူမမှန်သည့်ပုံစံကို  သတိထားမိသည့်ဆော့ဂျင်က ထယ်ယောင်း၏မျက်လုံးများကို သေချာကြည့်ကာ မေးတော့...

"ဂျင် ကိုယ့်ကိုမချစ်ဘူးလား"

"ချစ်တာနဲ့ ခုဖြစ်နေတာက တခြားစီလေ  ထယ်၊ အကြောင်းပြချက်က ဘာလဲ"

𝐊ɪᴍWhere stories live. Discover now