Pt.17 🚨

472 92 102
                                    

လုပ်ရက်လိုက်တာ...

ဆော့ဂျင် အသံတိတ် တီးတိုးရေရွတ်မိသည်... သူ့ရှေ့တွင်ထိုင်နေသော ထယ်ယောင်းက  လက်ထဲမှဘူးကြီးကို ကိုင်လျက် မလှုပ်မယှက်...

မနက်ဖြန် ထယ်ယောင်းတို့ကုမ္မဏီမှာ  အရေးကြီးအစည်းအ‌‌ဝေးရှိသည်မို့ ထယ်ယောင်း၀တ်ဖို့ သူ့အဖေပို့လာသည့်၀တ်စုံတွင် Montblanc တံဆိပ် ပြောင်လက်နေ‌သော ငွေရောင်ခါးပတ်ခေါင်းနှင့် အနက်ရောင်ခါးပတ်တစ်ခု...

တွဲ၀တ်ဖို့ရွေးထားပေးသည့် ဘောင်းဘီရှည်ကလည်း အင်္ကျီကို‌ ဘောင်းဘီထဲထည့်၀တ်ရမှာမို့ ခါးပတ်,ပတ်မှ တင့်တယ်မည့်ဒီဇိုင်းမျိုး...

ထယ်ယောင်း၏trauma ကို သိ၍ဖြစ်စေ၊ မသိဘူးဖြစ်စေ ဒီလောက်ကြီး ၀တ်ပုံစားပုံကိုကအစ လိုက်ထိန်းချုပ်ချင်နေသည့် Mr Kim ကတော့ လွန်လွန်းလှသည်...

ခါးပတ်ထည့်ထားသည့်ဘူးကို တုန်ရင်နေသောလက်အစုံဖြင့် ကိုင်ထားဆဲ ထယ်ယောင်းကို...

"ထယ်"

"ဟင်"

"အဲ့ဒီတစ်စုံလုံးကို မင်း၀တ်ရမယ်"

"ဂျင်.."

"ခါးပတ်ပါပတ်ရမယ်... ငါ ကူပြီးပတ်ပေးမယ်"

"ဟင့်အင်း... ကိုယ်.. ကိုယ်မ၀တ်ချင်ဘူး"

"ထယ်.. ငါ့ကိုကြည့်"

ထယ်ယောင်း၏လက်ထဲမှ ခါးပတ်ထည့်ထားသည့်ဘူးကို ဆော့ဂျင် မွေ့ယာပေါ်ချလိုက်ပြီး ထယ်ယောင်း၏မျက်နှာကို သူ့လက်လေးဖြင့်အုပ်ကာ ကိုင်လိုက်သည်...

ထို့နောက်...

"တချိန်ချိန်မှာတော့ မင်း ဒီလိုအခြေအနေကို ရောက်လာမှာပဲ ထယ်... တသက်လုံး ရှောင်နေလို့မဖြစ်ဘူး...

မင်းကြောက်တာကို ငါနားလည်တယ်.. ဒါပေမဲ့ ငါ မင်းဘေးမှာ အမြဲရှိနေမှာမို့ ငါ့လက်ကိုတွဲပြီး ဒီအကြောက်တရားကနေ ခုန်ထွက်နိုင်အောင် ကြိုးစားပါ"

သူ့မျက်လုံးများကိုစိုက်ကြည့်ကာ တည်တည်ငြိမ်ငြိမ် ပြောနေသောဆော့ဂျင်သည် သူ အမြဲပျော်၀င်နေချင်သည့် နွံတစ်ခုပင်...  ဆော့ဂျင်၏စကားဆိုရင် သူ နားထောင်ချင်နေမိသည်....

𝐊ɪᴍWhere stories live. Discover now