"ဟွန်း"
"ဗျာ."
ဘုရားရေ
သေချာပါတယ် သူကျွန်တော့ကို"ဗျာ"လို့
ပြန်ထူးလိုက်တာကျွန်တော့်ခန္ဓာကိုယ်မှာ
စီးဆင်းနေတဲ့ သွေးတေ ရပ်တန့်သွားဖို့ လုံလောက်တဲ့ထိ သေချာပါတယ်မင်းသိရဲ့လား ဟွန်း
မင်းနှုတ်ခမ်းကထွက်ကျလာတတ်တဲ့ စကားတစ်ခွန်းတိုင်းမှာ ငါစီးဝင်နစ်မြောရစမြဲ ဆိုတာကိုလေ
"ဘာဖြစ်လို့လဲ ဂျွန် မင်းငါ့ကိုခေါ်တာ"
"ဘာ. ဘာမှမဟုတ်တော့ပါဘူး"
ဆယ်ဟွန်း ဂျွန့်ကိုသေချာကြည့်လိုက်မိသည် ဘာပြောချင်လို့ခေါ်တာပါလိမ့်
သူတို့ လမ်းလျှောက်ရင်းနဲ့ တော့ပိုကီ ဆိုင်နားလေးကိုရောက်လို့လာတော့
"စားမယ်မလား ဂျွန်"
"ဟင်"
"တော့ပိုကီလေ စားမယ်မလားလို့"
"အော် အစောကအဲ့တာပြောမို့ မစားတော့ဘူး တန်းသွားရအောင်"
"ဟုတ်ပါပြီကွာ မင်းသဘော အဟက်"
ဆယ်ဟွန်း သူနဲ့မျက်နှာချင်းဆိုင်မှာရပ်နေတဲ့ ဂျွန့်ခေါင်းလုံးလုံးလေးကို သဘောတကျနဲ့ဆွဲဖွမိလေသည်
ဆယ်ဟွန်းရဲ့ လုပ်ရက်ကြောင့် ဂျွန့်မှာလည်း တအံ့တဩ မျက်လုံးလေးပြူးကာ ကလယ်ကလယ်နဲ့ကြည့်နေလေရဲ့
ဆယ်ဟွန်းကလည်း ဂျွန့် ရဲ့မျက်လုံးများကနေ တစ်ချက်မှ မခွာကာ ဟိုးးအနက်ရှိုင်းဆုံးထိ စိုက်ကြည့်နေလေရာ
ဂျွန်မြောင့်မှာ အနေမတတ်စွာပင် ဟွန်းရဲ့မျက်လုံးများကို ဦးစွာရှောင်ဖယ်ကာ ရှေ့ဆက်လျှောက်လာတော့သည်
ဂျွန့်ရဲ့နောက်မှာတော့ ဂျွန့်ရဲ့ခြေရာလေးတေအတိုင်းလိုက်နင်းကာ မပြောပေမဲ့ အဖြေရှာတွေ့မိခဲ့တဲ့ သူ့အတွက်အဖိုးတန်ဆုံးသော အရာကိုတွေ့သည့်ထင် အပြုံးများအသက်ဝင်နေလေသော တစ်ယောက်သောသူဟာ ထက်ကြပ်မကွာ လိုက်ပါလာလေရဲ့
YOU ARE READING
JUN
Fanfiction' ရင်ထဲနင့်အောင်ချစ်လိုက်ရတာ "ဂျွန်" ' ' "ဟွန်းရဲ့အချစ်" က ကျနော်နဲ့ ထိုက်တန်ရဲ့လား' ' မင်းတစ်ယောက်ကိုပဲပေးထားတာ"ဂျွန်" '